ထားဝယ်တွင် အောက်ဆီဂျင်ဝယ်သူ များလာသည်ဟုဆို
diz_admin
July 5, 2021ထားဝယ်တွင် အောက်ဆီဂျင်ဝယ်သူ များလာကြောင်း ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ အောက်ဆီဂျင်အရောင်းဆိုင်ပိုင်ရှင် အမျိုးသားက ဆိုသည်။ ကိုဗစ် တတိယလှိုင်းပြန်ဖြစ်လာချိန်တွင် အောက်ဆီဂျင်ဗူးကို အိမ်တွင်ဆောင်ကာ အသုံးပြုသူများရှိလာပြီး ဇွန်လဆန်းမှစတင်ကာ ယခင်ကထက် ၃၀ ရာခိုင်နှုန်းကျော် ပိုရောင်းရလာသည်ဟု အထက်ပါဆိုင်မှ အမျိုးသားက ဆိုသည်။ “အရင်တုန်းကဆို တစ်နေ့ကို တစ်စုံကို ရောင်းမရဘူး။ အောက်ဆီဂျင်ကို အရင်တုန်းက အိမ်သုံးအနေနဲ့ သုံးလေ့သုံးထမရှိဘူး၊ အခုမှသာ အိမ်သုံးအနေနဲ့ လာဝယ်နေကြတယ်၊ အရင်တုန်းကတော့ ကိုဗစ်အတွက်မဟုတ်ဘဲ အဆုတ်အားနည်းသူတွေ၊ နှလုံးအားနည်းသူတွေဆေးရုံကနေ ညွှန်ကြားချက်နဲ့ သုံးနေကြတာပဲ ရှိတယ်” ဟု ဆိုင်ပိုင်ရှင်အမျိုးသားက ဆိုသည်။ ကိုဗစ်ဖြစ်ချိန်တွင် အောက်ဆီဂျင်ပြတ်လပ်မည်စိုးသဖြင့် နေအိမ်တွင် မီးသတ်ဆေးဗူးဆောင်သလို ဆောင်ထားရန် အိမ်သုံးအတွက် ဝယ်ယူလာကြသူများရှိလာသည်ဟု ၎င်းက ပြောသည်။ ရန်ကုန်စက်ရုံတွင် အောက်ဆီဂျင်တပတ်ခန့်ပြတ်မည်ဟုဆိုသဖြင့် လတ်တလော မှာယူရန်အခက်အခဲရှိနေသော်လည်း […]