မှတ်ပုံတင်မဲ့ဆိုင်ကယ်များ လိုင်စင် စလုပ်ပေး
diz_admin
July 7, 2021တိုင်းအတွင်းရှိ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ ၇ ရက်နေ့မှစကာ လိုင်စင်လုပ်ပေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ထံမှ သိရသည်။ တိုင်းအတွင်းရှိ သက်ဆိုင်ရာ ကညနရုံးများတွင် ဇူလိုင်လ ၇ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့အထိ လုပ်ဆောင်နိုင်ပြီး ‘ယ’ နံပါတ် ထွက်မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။ဒေသခံ ဆိုင်ကယ်ပိုင်ရှင်များ နှစ်သက်ခြင်းမရှိသည့် နံပါတ်အားလုံးပေါင်းခြင်း၏ရလဒ် ဆယ်ပြည့်ဂဏန်းနှင့် ၁၃ ဂဏန်းပါဝင်ခြင်းမရှိကြောင်း သိရသည်။ ဆိုင်ကယ်လိုင်စင်လုပ်ဆောင်ရာတွင် ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ၊ ထုတ်လုပ်သည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။အကောက်ခွန်ဌာနမှ ကောက်ခံမည့် အခွန်အပြင် ကညန၊ သူတစ်ပါးထိခိုက်မှုအာမခံကြေး အစရှိသည့် အခွန်အခများလည်း ပေးသွင်းရမည်ဖြစ်သည်။ ကောက်ခံမည့်နှုန်းထားများကို ဓာတ်ပုံတွင် ဖော်ပြထားသည်။ဆိုင်ကယ်လိုင်စင်အား ရုံးဖွင့်ရက်အတွင်း နံနက် ကိုးနာရီမှ ညနေ […]