ထားဝယ်အတွက် အောက်ဆီဂျင်မလုံလောက်၍ စက်အသစ်တစ်လုံး ထပ်ဝယ်မည်
diz_admin
July 20, 2021ထားဝယ်ဒေသရှိ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ လက်ရှိအောက်ဆီဂျင် ထုတ်လုပ်မှုမှာ မလုံလောက်တော့သဖြင့် နောက်ထပ်စက်တစ်လုံး ထပ်ဝယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် အာယုဒါနအဖွဲ့က စက်တစ်လုံးဖြင့် အောက်ဆီဂျင်ထုတ်လုပ်လှူဒါန်းနေပြီး ၂၄ နာရီအပြည့် စက်လည်ပတ်ကာ ၄၀ လီတာအိုး အလုံးလေးဆယ် ထုတ်လုပ်နေသည်။ အဆိုပါ အောက်ဆီဂျင်များကို ထားဝယ်ဒေသရှိ ဆေးရုံများနှင့် နေအိမ်လူနာများကို ထောက်ပံ့လှူဒါန်းနေပြီး ထားဝယ်ဆေးရုံကြီး အတွက်ပင် တစ်ရက်လျှင် အလုံး၂၀ လိုအပ်နေကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။ ယခုချိန်တွင် ကိုဗစ်ရောဂါကူးစက်မှုများပြားလာသည့်အတွက် လက်ရှိထုတ်လုပ်နေသည့် အောက်ဆီဂျင်မှာ မလုံလောက်တော့ သဖြင့် နောက်ထပ်စက်တစ်လုံးထပ်ဝယ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အာယုဒါနအဖွဲ့မှ ဦးအောင်မြင့်က ဆိုသည်။ ထိုကြောင့် ငွေကျပ် ၇၅၀ သိန်းတန် အောက်ဆီဂျင်ထုတ်စက်တစ်လုံး ထပ်မံ ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။ […]