ငါးအထိအမိနည်းသည့်အပြင် ငါးဈေးပါကျ၍ တစ်နိုင်တစ်ပိုင်ငါးဖမ်းလှေရှင်များ အရှုံးပေါ်
diz_admin
July 23, 2021ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါကျလာသည့်အတွက် ထားဝယ်ဒေသရှိ ဒေသခံငါးဖမ်းလှေငယ်များ အရှုံးပေါ်နေကြကြောင်းရေလုပ်သား အချို့က ညည်းတွားနေကြသည်။ ပြီးခဲ့သည့် ဇွန်လက ငါးဈေးကောင်းခဲ့သော်လည်း ယခုလတွင်မူ ရာသီဥတုအခြေအနေကြောင့် ငါးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါ ကျသွားသည့်အတွက် ဒေသခံငါးဖမ်းလှေအချို့ အရှုံးပေါ်နေသည်ဟု လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ ငါးဖမ်းလှေပိုင်ရှင် ဒေါ်ချိုကဆိုသည်။ ထိုသို့ အရှုံးပေါ်နေသည့်အတွက် ပင်လယ်ပြင်သို့ငါးဖမ်းမထွက်တော့ဘဲ အခြေအနေစောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။ ကမ်းနီးငါးဖမ်းလှေငယ်အချို့မှာ ပျမ်းမျှအားဖြင့် ပင်လယ်ပြင်ငါးဖမ်းရာတွင် ၁၅ ရက်တစ်ကြိမ် ကမ်းသို့ပြန်ဝင်လေ့ရှိသည်။ “တစ်လ သိန်းငါးဆယ်နဲ့အထက်ရမှ ပိုင်ရှင်အတွက် ကျန်တယ်။ အခုက ငါးပုံး လေးငါးပုံးလောက်နဲ့ရှုံးတာပေါ့။ ဒီလတော့ အခြေအနေစောင့်ကြည့်ရင်း (လှေ) တစ်ခေါက် နားလိုက်တယ်”ဟု ဒေါ်ချိုက ပြောသည်။ ပြီးခဲ့သည့်ဇွန်လက လှေတစ်တစ်ခေါက်ဝင် (၁၅ရက်ကြာ) လျှင် ငါး ၁၅ ပုံးခန့် […]