ကမ်းနားဈေးရှိ ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ရန် ညွှန်ကြား
diz_admin
August 4, 2021ထားဝယ်မြို့၊ ကမ်းနားဈေးတွင် လက်ကားရောင်းချနေသည့် ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ထားရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထား သည်။ ကမ်းနားဈေးငါးဒိုင်မှ အမျိုးသမီးတစ်ဦး ဩဂုတ်လ ၁ ရက်နေ့ ကိုဗစ်ဖြင့် ကွယ်လွန်သွားသည့်အတွက် ငါးဒိုင်အားလုံးကို ဩဂုတ်လ ၂ ရက်မှ ၂၂ ရက်နေ့ အထိ ပိတ်ခိုင်းခြင်းဖြစ်သည်။ ထားဝယ်ကမ်းနားဈေးတွင် လက်ကားရောင်းချနေသည့် ငါးဒိုင်ကြီး ၁၀ ခု ရှိသည်။ ၂၁ ရက်ကြာ ပိတ်ခိုင်းထားခြင်းကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများ အရ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ယာယီပိတ်ထားသည့် ငါးဒိုင်များတွင် အလုပ်လုပ်နေသည့် အလုပ်ရှင်နှင့် အလုပ်သမားများအားလုံးကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခိုင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ငါးဒိုင်မှာ လုပ်နေသူ […]