ထားဝယ်တွင် ဘဏ်မှတစ်ဆင့် ငွေထုတ်၊ ငွေလွှဲ ခက်ခဲနေဆဲ
diz_admin
June 16, 2021ထားဝယ်တွင် ငွေထုတ်၊ ငွေလွှဲ ခက်ခဲနေဆဲဖြစ်သောကြောင့် ရာခိုင်နူန်းဖြင့် ငွေသားထုတ်ယူခြင်း၊ အွန်လိုင်းမှ တစ်ဆင့် တစ်ဦးချင်း တိုက်ရိုက် ဘဏ်စာရင်းလွှဲပြောင်းခြင်းတို့ ပြင်ပတွင် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့သော အခြေအနေများကို Dawei Watch သတင်းဌာနကထားဝယ်မြို့ရှိ ဘဏ်အချို့ထံ ကိုယ်တိုင်သွားရောက်လေ့လာချက်၊ ဘဏ်ဝန်ဆောင်မူရယူရန် စောင့်ဆိုင်းနေသူများအား တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်သည်။ အွန်လိုင်းမှ တစ်ဦးချင်း တိုက်ရိုက်ဘဏ်စာရင်းလွှဲပြောင်းခြင်းဆိုသည်မှာ ဥပမာ ဧရာဝတီငွေစုဘဏ်စာရင်း ရှိသူက ကမ္ဘောဇဘဏ်ငွေစုဘဏ်စာရင်း ထံသို့ အပြန်အလှန်ငွေလွှဲပြောင်းပေးခြင်းဖြစ်သည်။ ငွေစုဘဏ်စာရင်းမှငွေကို ငွေသားထုတ်ယူမည်ဆိုပါက အများဆုံး ၆ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခပေးကာ ထုတ်ယူကြရသည်။ “ကျွန်တော်တို့ကလည်း ဒီဘက်မှာ ငွေပြန်ထုတ်ရတာ၊ ငွေသားပြန်ဖော်ရတာ အခက်အခဲရှိလို့ ရာခိုင်းနနှုန်းနဲ့ယူနေရတာပါ” ဟု ဘဏ်ပြင်ပ ငွေလွှဲဝန်ဆောင်မူပေးနေသူတစ်ဦးကဆိုသည်။ ငွေလွှဲအခက်အခဲ ပုဂ္ဂလိကဘဏ် အများစုသည် ငွေထုတ်ဝန်ဆောင်မှုမှလွဲပြီး ကျန်ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း […]