BREAKING
March 14, 2025

ထားဝယ်

ဝဲကျွန်းရပ်ကွက်နေသူများ ဆေးဝါးအလိုရှိက နေအိမ်အရောက်လှူသည့် ပုညကုသလ ထံ ဆက်သွယ်ပါ

diz_admin

August 21, 2021

ထားဝယ်မြို့ ဝဲကျွန်း ထိန်သစ်၊ ထိန်လယ်၊ ထိန်ဟောင်း ရပ်ကွက်အတွင်းနေထိုင်သူများ ဆေးဝါးအလိုရှိပါက ပုညကုသလ ကျန်းမာရေးအထောက်အကူပြုအဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခံနိုင်ကြောင်း ပံ့ပိုးကူညီနေသည့် မန်းရွှေစက်တော်ရာ ဘုန်းတော်ကြီးကျောင်း အခန်းနေကိုယ်တော်ထံမှ သိရသည်။ ခေါင်းကိုက်၊ နှာစေး၊ ချောင်းဆိုး၊ မူးဝေ၊ အော့အန်၊ ဝမ်းသွား ၊ အသက်ရှူကြပ် စသည့် ရောဂါများခံစားနေရပါက ယင်းအဖွဲ့ထံ ဖုန်းဆက်အကြောင်းကြား နိုင်ပြီး နေအိမ်အရောက် ပို့ဆောင်လှူဒါန်းမည်ဖြစ်ကြောင်း အခန်းနေ ကိုယ်တော် ဦးစန္ဒာဝရက မိန့်သည်။ ယင်းအစီအစဉ်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။ “ကိုယ်တိုင်မလာနိုင်ရင် အိမ်ကနေပြီး (ဖုန်းဆက်ပြီး) ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးတိုင်ပင်လို့လည်း ရတယ်၊ […]

Stay at Home မတိုင်မီ တစ်ရက်အလို

diz_admin

August 20, 2021

နေအိမ်တွင်သာ နေထိုင်ရန် (Stay at Home)သတ်မှတ်ရက်မတိုင်မီ တစ်ရက်အလိုဖြစ်သည့် ဩဂုတ်လ ၂၀ ရက်နေ့ ထားဝယ်မြို့အတွင်း မြင်ကွင်းများ

မယ်ဒီလန်းဆေးရုံ ကိုဗစ်လူနာ စတင်လက်ခံ၊ ဟိုတယ်ဒီလပ်တွင် ထားမည်

diz_admin

August 19, 2021

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သည့် မယ်ဒီလန်းဆေးရုံတွင် ကိုဗစ်လူနာများ စတင်လက်ခံနေပြီး ဆေးရုံအနီးရှိ ဟိုတယ်ဒီလပ် (Hotel Deluxe)တွင် ထားရှိကုသမည်ဖြစ်ကြောင်း သက်ဆိုင်ရာဆေးရုံနှင့် ဟိုတယ်တာဝန်ရှိသူထံမှ သိရသည်။ ကိုဗစ်ပိုးတွေ့လူနာများအား သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်လက်ခံနေပြီး ကိုဗစ်လူနာ ၃၅ ဦးမှ ၅၀ ခန့်အထိ လက်ခံနိုင်မည်ဖြစ်ကြောင်း မယ်ဒီလန်းဆေးရုံတာဝန်ရှိသူ ဒေါက်တာဇော်မျိုးနိုင်က ဆိုသည်။ ဟိုတယ်ဒီလပ်နှင့် မယ်ဒီလန်းဆေးရုံတို့ ချိတ်ဆက်ကာ ယင်းကဲ့သို့ စီစဉ်ထားခြင်းဖြစ်သည်။ ဆေးရုံတက်လူနာများအနေဖြင့် ဟိုတယ်၏ ဝန်ဆောင်မှုများအပြင် သူနာပြု၊ ဆရာဝန်၊ အခန်းသန့်ရှင်းရေးနှင့် လူနာအတွက် နံနက်စာ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မျိုးနိုင်က ဆိုသည်။ “သူနာပြု ပြုစု အစောင့်အရှောက် ပါမယ်၊ ဆရာဝန် ကြည့်တာပါမယ် အဲဒါတွေ အကုန်ပါပါမယ်”ဟု ၎င်းက ပြောသည်။ သွေးစစ်ခြင်း၊ […]

ထားဝယ်မြို့နယ်တွင် စနေနေ့မှစ၍ အပြင်ထွက်ခွင့်လက်မှတ် ပြရမည်

diz_admin

August 19, 2021

ထားဝယ်မြို့နယ်တွင် ဩဂုတ်လ ၂၁ ရက် စနေနေ့ မှစတင်ကာ အပြင်ထွက်ခွင့် လက်မှတ်ပြရမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် မြို့အတွင်း လိုက်လံကြေညာလျှက်ရှိသည်။ အပြင်ထွက်ခွင့်လက်မှတ်အား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ယင်းလက်မှတ်အား သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့ထံတွင် ထုတ်ယူရမည်ဖြစ်သည်။ ကိုဗစ်ကူးစက်မှုများသည့် ဒေသများကို Stay at Home သတ်မှတ်လေ့ရှိပြီး အပြင်ထွက်ခွင့် လက်မှတ်ထုတ်ပေးလေ့ရှိသည်။ ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွက် အပြင်ထွက်ခွင့်လက်မှတ်များကို ယနေ့မှစပြီး ထုတ်ပေးနေပြီး ကျန်ကျေးရွာများအတွက်လည်း ထုတ်ပေးနိုင်ရန်အတွက် စီစဉ်နေကြောင်း ထားဝယ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။ ထားဝယ်မြို့နယ်ရှိ ကျန်ကျေးရွာများအတွက် အိမ်ထောင်စုတစ်စုလျှင် လက်မှတ်တစ်စောင် ထုတ်ပေးနိုင်ရန်အတွက် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စိစစ်နေကြောင်း ဦးထွန်းထွန်းလင်းက ပြောသည်။ “(ဒီထုတ်ပြန်ချက်က) ထားဝယ်တစ်မြို့နယ်လုံးမှာ သက်ရောက်ပါတယ်။ အချိန်တိုတိုတွင်းမှာ […]

ထားဝယ်မြို့အဝင်အထွက်ဂိတ် ပိုတင်းကျပ်

diz_admin

August 19, 2021

ထားဝယ်မြို့အဝင်အထွက် ဂိတ်များတွင် ယခင်ရက်များထက် လုံခြုံရေးပိုမိုတင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်တွင် မြို့အဝင်အထွက်ဂိတ် လေးခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်၊ ကမြောကင်းတံတားဂိတ်၊ ပေါက်တိုင်းတံတားဂိတ်နှင့် ဗျောတော၀ဂိတ် တို့တွင် သြဂုတ်လ ၁၉ ရက်နေ့က စစ်ဆေးမှုတင်းကျပ်နေခြင်းဖြစ်သည်။ ကမြောကင်းတံတားဂိတ်တွင် ယခင်က ဘယ်ရီဂိတ် ၃ခုခန့်သာချထားရာမှ ယနေ့တွင် ခြောက်ခုအထိချထားပြီး ဆိုင်ကယ်အားလုံးကို မဖြစ်မနေစစ်ဆေးနေကြောင်း သိရသည်။ ယခင်က ၎င်းတို့မသင်္ကာသည့်ဆိုင်ကယ်များကိုသာ ရပ်တန့်စစ်ဆေးနေခြင်းဖြစ်ကြောင်း လောင်းလုံးဒေသခံအချို့က ဆိုသည်။ ယနေ့စစ်ဆေးမှုမှာ တင်းကျပ်လွန်းနေပြီး အင်အားလည်း ပိုများနေကြောင်း လောင်းလုံးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။ “အင်အားများတယ် အရင်နေ့‌တွေထက်ဆိုးတယ်။ လှည့်ပြန်နေရတာတွေ မနည်းတော့ဘူး။ ရဲ စစ်သား အင်အား နှစ်ဆယ်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။ အခြားမြို့ဝင်ဂိတ်တစ်ခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်တွင်လည်း အင်အားပိုချထားပြီး ညနေပိုင်းအထိ စစ်ဆေးနေဆဲဖြစ်ကြောင်း […]

ကိုဗစ်ရောဂါ ပိုးတွေ့မှုနူန်းများလာပါက ထားဝယ်မြို့ကို Stay at Home ကြေညာမည်

diz_admin

August 18, 2021

ကိုဗစ်ပိုးတွေ့မှုများပြားလာပါက ထားဝယ်မြို့အား ဩဂုတ်လ ၂၀ ရက်မှစပြီး Stay at Home (အိမ်တွင် သာနေရန်) အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း လိုက်လံကြေညာလျက်ရှိသည်။ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့အတွင်း ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်သည်။ အကယ်၍ ကိုဗစ်ရောဂါပိုးတွေ့မှူနူန်း မများလာပါက Stay at Home သတ်မှတ်မည်မဟုတ်ကြောင်း ထားဝယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။ “ပိုးတွေ့မှူနုန်းလျော့ကျလာရင်တော့ ဒီအတိုင်းပဲနေမယ်ပေါ့နော်။ တကယ်လို့ ပိုးတွေ့မူနှုန်းများလာရင်တော့ Stay at Home သတ်မှတ်မယ်။ အဓိကကတော့ သတိပေးတဲ့သဘောပါ။ လူတွေ( ကိုဗစ်စည်းကမ်း) လိုက်နာမူရှိလာအောင်လို့လေ” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။ တိုင်းအတွင်း ကိုဗစ်ပိုးတွေ့မှူနှုန်း တစ်နေ့ထက် တစ်နေ့များပြားလာနေပြီး သေဆုံးမှုလည်း မြင့်တက်လျှက်ရှိသည်။ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဩဂုတ်လ ၁၆ ရက်အထိ ထုတ်ပြန်ချက်တစ်ခုတည်းတွင်ပင် ပိုးတွေ့လူနာ ၈၁၄၃ […]

ထားဝယ်တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်ထားဝယ်သေဆုံးသူ ၁၅၀ နီးပါး

diz_admin

August 14, 2021

ထားဝယ်မြို့တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်း နာရေးကူညီမှု(ထားဝယ်)ထံမှ သိရသည်။ သြဂုတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်ကြောင့် သေဆုံးရသည့် အလောင်း ၁၄၉ လောင်းအား ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်ပေးရကြောင်း ထားဝယ်နာရေးကူညီမှုထံမှ သိရသည်။ ထားဝယ်ဒေသတွင် ကိုဗစ်ကြောင့် ဆုံးပါးရသူမှာ ယခုလတွင် ရုတ်တရက်မြင့်တက်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတစ်လလုံးတွင်မူ ကိုဗစ်ကြောင့် သေဆုံးသူ ၆၁ ဦးသာ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်စာရင်းတွင်မူ သြဂုတ်လ ၁ ရက်မှ ၁၂ ရက်နေ့အထိ ထားဝယ်မြို့နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၄ ဦးရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် သြဂုတ်လ […]

အလုပ်ထုတ်ပယ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား အလုပ်ပြန်ခန့်မည်ဟုဆို

diz_admin

August 14, 2021

ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားသည့်အပေါ် ဝေဖန်ခဲ့သဖြင့် အလုပ်ထုတ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေး အရာရှိအား အလုပ်ပြန်ခန့်မည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ကူးစက်ခံရချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီဘက်မှ တာဝန်ပျက်ကွက်ခဲ့ကြောင်း လုံခြုံရေးအရာရှိဖြစ်သူ မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဝေဖန်ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ ပြောဆိုမူသည် ကုမ္ပဏီ၏ ပုံရိပ်ကို ထိခိုက်ခဲ့ခြင်း၊ မထားရည်မွန်သည် ယခင်က အာဏာဖီဆန်ရေး လှုပ်ရှားမူ (CDM) တွင် ပါဝင်ခဲ့ဖူးသဖြင့် သတိပေးခံခဲ့ရဖူးခြင်း စသည်တို့ကြောင့် တိုတယ်ကုမ္ပဏီ၏ လုံခြုံရေးရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ သို့သော် ရက်အနည်းငယ်အကြာတွင်ပင် ကုမ္ပဏီတာဝန်ရှိသူတို့ဘက်က မထားရည်မွန်အား အလုပ်ပြန်ခန့်မည်ဟု ဦးကိုကိုဦးက ပြောဆိုလာသည်။ ဦးကိုကိုဦးမှာ Atalian Global Service ကုမ္ပဏီတွင် […]