BREAKING
March 14, 2025

ထားဝယ်

စစ်ပြဲရွာမှ ဖမ်းဆီးခံ အမျိုးသမီးလေးဦး ပြန်လွတ်လာ

diz_admin

August 30, 2021

ထားဝယ်ဒေသ လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင် ဩဂုတ်လ  ၂၉ ရက်နေ့က ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသော အမျိုးသမီးလေးဦးကို ယင်းနေ့ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ လောင်းလုံးမြို့မ ရဲစခန်းတွင် စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ နောက်ဆန္ဒပြပါက လွှတ်ပေးတော့မည်မဟုတ်ကြောင်း စစ်ဆေးသူများက ပြောဆိုကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ညကတော့ လက်မှတ်မထိုးခိုင်းဘူး။ မနက်ကျမှ လက်မှတ်သွားထိုးရတယ် နောက် ဆန္ဒမပြဖို့ မှာလိုက်တယ်”ဟု အထက်ပါအမျိုးသမီးကဆိုသည်။ အဆိုပါအမျိုးသမီး လေးဦးမှာ ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ယင်းနေ့က ဆွေမျိုးတော်စပ်သူထံ သွားရောက်ရာမှ စစ်ဆေးဖမ်းဆီးခံရခြင်းဖြစ်ပြီး အချို့ကမူ  နာရေးကူညီမှုအသင်းမှ အပြန်တွင် စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဆိုသည်။ 

ကျေးဇူးတော် နေအိမ်အချို့ ဖျက်ဆီးခံရ၊ PDF သတင်းပေးပါဟုဆို

diz_admin

August 30, 2021

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ဒေသ ကျေးဇူးတော်ရွာအတွင်းသို့ ဩဂုတ်လ ၂၇ ရက်က စစ်တပ်က ဝင်ရောက်လာပြီး နောက်တစ်နေ့ ၂၈ ရက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ယင်းသို့ ထွက်ခွာသွားပြီးနောက် ကျေးဇူးတော်ရွာအတွင်း နေအိမ်အချို့ ရှာဖွေဖျက်ဆီးခံထားရပြီး PDF များကို သတင်းပေးရန် စာရွက်များ ကပ်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဒေသခံများမှာ ယနေ့အထိ နေအိမ်မပြန်ရဲကြသေးဘဲ တောတောင် ဥယျာဉ်များအတွင်း တိမ်းရှောင်းနေကြဆဲဖြစ်ပြီး ကနဦးရွာအခြေအနေ သွားရောက်စုံစမ်းခဲ့သူတို့က နေအိမ်အချို့ ဖျက်ဆီးခံထားရသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။ နေအိမ်မှာကပ်ထားခဲ့သည့်စာများတွင် PDF များလက်နက်ချရန်နှင့် လက်နက်မချပါက လက်စတုန်းချေးမှုန်းမည့်အကြောင်း၊ NLD ပါတီက မဲလိမ်၊ မဲခိုးခဲ့ကြောင်း၊ PDF များက မြို့ရွာများ တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း စသည်ဖြင့် […]

ကျေးဇူးတော်ကျေးရွာမှ စစ်သားများ ပြန်ထွက်၊ ရွာသားများ အိမ်မပြန်ရဲသေး ဟုဆို

diz_admin

August 29, 2021

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာမှ စစ်သားများ ဩဂုတ်လ ၂၈ ရက် ည ၇ နာရီခန့်က ပြန်ထွက်သွားပြီဖြစ်ကြောင်း ယင်းကျေးရွာတွင်နေထိုင်သူတစ်ဦးက အတည်ပြု‌ပြောဆိုသည်။ ယင်းကဲ့သို့ စစ်သားထွက်သွားသော်လည်း  ရွာသားများ အိမ်ပြန်မရဲကြသဖြင့် တိမ်းရှောင်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ “သူတို့(စစ်တပ်) ထွက်သွားပြီဆိုပေမယ့် ရွာသားတွေကတော့ အိမ်မပြန်ကြသေးဘူး။ စစ်ရေးပရိယာယ်လည်း ဖြစ်နေတတ်တယ်လေ” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဩဂုတ်လ ၂၆ ရက်က ကျေးဇူးတော်ကျေးရွာအဝင်ဝနှင့် အနီးအနားကျေးရွာ ကားလမ်းမတစ်လျှောက်တွင် စစ်တပ်က နေရာယူပြီးနောက်ပိုင်း  ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ ဩဂုတ်လ ၂၇ ရက်တွင် CDM သမားများကို ရှာဖွေရန်ဟုဆိုကာ စစ်တပ်က ကျေးဇူးတော်ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ကျေးရွာစာသင်ကျောင်းတွင် နေရာယူလိုက်သည်ဟုဆိုသည်။ KNU တပ်မဟာ(၄) […]

လောင်းလုံးတွင် အထက်တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ဖမ်းဆီးခံရ

diz_admin

August 29, 2021

လောင်းလုံးမြိုနယ် စစ်ပြဲကျေးရွာတွင် ဩဂုတ်လ ၂၉ ရက် မနက်ပိုင်းက  အမျိုးသမီးလေးဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံအချို့ထံမှသိရသည်။  အဆိုပါဖမ်းဆီးခံရသူများမှာ စစ်ပြဲကျေးရွာသူများဖြစ်သည့် ဒေါ်အေးချို၊ မသီတာဝင်း၊ မမီးသက်ဆောင်း၊ မအိမ့်စပါယ်ချိုတို့ ဖြစ်သည်။  ‌အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်လေးဦးခန့် ဆိုင်ကယ်ဖြစ်ရောက်ရှိလာပြီး နာရေးကူညီမှုအသင်းမှ ပြန်လာသည့် ၎င်းအမျိုးသမီးလေးဦးအား ကျေးရွာအနောက်ပိုင်းဈေးအနီးတွင် စစ်ဆေးဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မနက်ပိုင်းက ကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် ဆန္ဒပြ သပိတ်စစ်ကြောင်းထွက်ကာ လူစုခွဲပြီးနောက် ယင်းသို့အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ “သပိတ်စစ်ကြောင်းက ရှစ်နာရီလောက်ကဖြတ်သွားတာ။ သူတို့က နာရေးကူညီမှုအသင်းက ပြန်လာတာ”ဟု ထိုအမျိုးသားကဆိုသည်။  မအိမ့်စပါယ်ချိုမှာ အသက် ၁၄ နှစ် ဝန်းကျင်အရွယ် အထက်တန်းကျောင်းသူတစ်ဦး ဖြစ်သည်ဟုဆိုသည်။ စစ်ပြဲကျေးရွာသည် လောင်းလုံး-ရှင်မော် ကားလမ်းမရှိ ညင်းမော်ရွာမှတစ်ဆင့် သွားရပြီး လောင်းလုံးမြို့မှ ငါးမိုင်ဝန်းကျင်ခန့် အကွာတွင်ရှိသည်။

ကျေးဇူးတော်ရွာတွင် တိမ်းရှောင်နေသည့် ရွာသားများကို စစ်ကောင်စီပြန်ခေါ်၊ တောနင်းရှာချိန် တွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်

diz_admin

August 28, 2021

KNU တပ်မဟာ ၄ ၏ ထိန်းချုပ်ဧရိယာတွင်ပါဝင်သည့် ကျေးဇူးတော်ရွာတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများကို ရွာသို့ပြန်လာရန် ခေါ်ခိုင်းနေပြီး တောနင်းရှာချိန် တွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း တိမ်းရှောင်နေရသူများက ပြောသည်။ ကျေးဇူးတော်ရွာသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း တည်ရှိပြီး ထားဝယ်မြို့မှ ၃၃ မိုင်ခန့်အကွာတွင်တည်ရှိသည်။ စစ်ကောင်စီတပ်သည် CDM များအား ဝင်ရောက်ရှာဖွေမည်ဟူသည့် အကြောင်းပြချက်ဖြင့် KNU တာဝန်ရှိသူများနှင့် ညှိနှိုင်းက သြဂုတ်လ ၂၇ ရက် နေ့လည်ပိုင်းက ရွာထဲသို့ ဝင်ရောက်လာကြောင်း ယင်းရွာတွင် နေထိုင်သူများက ပြောသည်။ ညပိုင်းရွာတွင် စစ်သားတချို့ ချန်ထားခဲ့ကာ ယနေ့နံနက် ပြန်မည်ဟု သိထားရကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူ တစ်ဦးက ဆိုသည်။ “ဒီနေ့မနက် စစ်တပ်က ရွာမှာ ကျန်ခဲ့တဲ့သူတွေကနေတဆင့် ထွက်ပြေးနေရတဲ့ရွာသားတွေကို ပြန်လာဖို့ […]

ထားဝယ်တွင် ကိုဗစ်လူနာ သေဆုံးမှု ပြန်ကျ

diz_admin

August 27, 2021

ယခုလအစောပိုင်းက ကိုဗစ်လူနာသေဆုံးမှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး သြဂုတ်လ တတိယအပတ်အတွင်း ထားဝယ်တွင် ကိုဗစ်လူနာ သေဆုံးမှု အတန်ငယ်ပြန်ကျလာကြောင်း လူမှုကူညီရေး အသင်းအဖွဲ့တို့ထံမှ သိရသည်။ ဇူလိုင်လတွင် ကိုဗစ်လူနာ သေဆုံးမှု တစ်ရက်လျှင် တစ်ဆယ်ခန့်သာရှိသော်လည်း ဩဂုတ်လ ပထမအပတ်မှ ဒုတိယပတ်အထိ ကိုဗစ်လူနာ သေဆုံးမှု တစ်ဆယ်ကျော်မှ ၂၅ အထိ ခုန်တက်သွားခဲ့ကြောင်း ထားဝယ်နာရေးကူညီမှုအသင်းနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထို့ထံမှ သိရသည်။ “အခု တတိယအပတ်မှာ နည်းနည်း လျော့ကျလာတာမျိုးရှိတယ်။ လျော့ကျလာတယ်ဆိုတာက နှစ်ဆယ်ကျော်မဖြစ်တော့ဘူး၊ တစ်ဆယ်ကျော်ပတ်ဝန်းကျင်နဲ့သွားနေသေးတယ်” ဟု ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ ဩဂုတ်လ ၁၉ ရက်မှ စပြီး ကိုဗစ်လူနာ သေဆုံးသူဦးရေ တစ်ဆယ်ကျော်ခန့် ရှိသည်ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါဖြင့် သေဆုံးသူကို […]

အရပ်ဝတ် လက်နက်ကိုင် ခြောက်ဦး ညင်းမော်ရွာအတွင်း သေနတ်ပစ်ခတ်ခြောက်လှန့်

diz_admin

August 26, 2021

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာအတွင်းသို့ အရပ်ဝတ် လက်နက်ကိုင် ၆ ဦး ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး သေနတ်ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ညနေပိုင်းတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “အိမ်ထဲဝင်လာပြီးတော့ ဆန္ဒပြနေတဲ့သူတွေကိုမေးတယ်။ မေးတော့ မသိဘူးလို့ဖြေချင်ဖြေမှာပေါ့လေ။ အဲဒါနဲ့ အဲဒီအိမ်ခြံထဲကနေပြီးပဲ မိုးပေါ်ထောင်ပြီး သေနတ်တစ်ချက်ဖောက်လိုက်တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုသည် ခြောက်လှန့်ပစ်ခတ်မှုဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူများ မရှိဟုဆိုသည်။ သေနတ်ပစ်ခတ်ခဲ့သည့် အိမ်ဝင်းခြံထဲတွင်မူ ကလေးငယ်များလည်းရှိနေသည်ဟုဆိုသည်။ လက်နက်ကိုင်များ ဝင်လာသည့်အချိန်သည် ရွာတွင်ဆန္ဒပြစစ်ကြောင်း ထွက်ပြီးသည့်အချိန်ဖြစ်ကြောင်း ၎င်းကပြောသည်။ ညင်းမော်ကျေးရွာသည် လောင်းလုံးမြို့နှင့် မိုင်အနည်းငယ်အကွာတွင် တည်ရှိသည်။ 

သက်တော်ရှည် ဇေယျဝတီဆရာတော် ကိုဗစ်မှ ပြန်သက်သာ

diz_admin

August 26, 2021

ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်၊ ဇေယျဝတီပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် ဘန္တန္ဒ အရိန္ဒမ သည် ကိုဗစ်ရောဂါ ဖြစ်ပွားရာမှာ ပြန်လည်သက်သာလာပြီ ဖြစ်ကျောင်း ဆရာတော်၏ တပည့်ဖြစ်သူ ဦးဝရဉဏက မိန့်ကြားသည်။   ဆရာတော်အား ဩဂုတ်လ ၃ ရက်နေ့တွင် ဆေးရုံသို့ စတင်ပို့ဆောင်ကုသခဲ့ပြီး ဆယ်ခြောက်ရက်ကြာပြီးနောက် ဩဂုတ်လ ၁၉ ရက်နေ့တွင်  ဆရာတော်သီတင်းသုံးရာ ဇေယျဝတီ စသင်တိုက်သို့ ကျန်းမာရေး ကောင်းမွန်စွာဖြင့် ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း ဦးဝရဉာဏက မိန့်ကြားသည်။ “ကောင်းတယ် ဆရာတော်က ကျန်းကျန်းမာမာပါပဲ။ စကားလည်းပြောနိုင်တယ် “ဟု ၎င်းက မိန့်ကြားသည်။ ဆရာတော်ကြီးသည် သက်တော် ၁၀၁ နှစ် သိက္ခာတော် ၈၁ ဝါ ရှိပြီးလက်ရှိ ဇေယျဝတီပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်ဖြစ်သည်။ ဇေယျဝတီစာသင်တိုက်တွင် […]