လာမည့်နွေ စပါးထွက်ပါ့မလား၊ ဓာတ်မြေဩဇာ ဈေးခုန်တက် လယ်သမားများအခက်
diz_admin
September 4, 2021အထွေထွေ ကုန်ဈေးနူန်းနှင့်အတူ ဓာတ်မြေဩဇာ ဈေးနူန်းပါ မြင့်တက်လာနေသဖြင့် ထားဝယ်ခရိုင်ရှိလယ်သမားများ ယခင်ကကဲ့သို့ ဓာတ်မြေဩဇာ မသုံးနိုင်တော့ဘဲ အခက်တွေ့နေကြသည်။ လတ်တလော စပါးဈေးနူန်း၊ ဓာတ်မြေဩဇာ ဈေးနူန်းအရ စပါးအတင်း ၂၀ ရောင်းမှ ဓာတ်မြေဩဇာ သုံးအိတ်ခန့်သာ ဝယ်နိုင်မည့် အနေအထားဖြစ်နေသည်။ စက်တင်ဘာလ ၃ ရက်က ထားဝယ်ခရိုင်ရှိ သမားအချို့ထံ မေးမြန်းထားသည့် ဈေးနုန်းကို အခြေခံပြီး တွက်ချက် ဖော်ပြပါမည်။လတ်တလော ဆန်ကြမ်းအမျိုးစား စပါးဈေးနူန်းမှာ ကျပ်ရှစ်ထောင် ဝန်းကျင်တွင်ရှိသည်။ ဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ်ငါးသောင်းကျော် ၅၂၀၀၀ ဝန်းကျင်တွင်ရှိနေသည်ဟု ဆိုကြသည်။ အချို့နေရာများတွင် တစ်အိတ် ၅၈၀၀၀ ကျပ်အထိ ခေါ်ဈေးရှိသည်။ ထိုဆန်ကြမ်းအမျိုးအစား စပါးအတင်း ၂၀ ရောင်းချပါက တစ်သိန်းခြောက်သောင်းကျပ်ရရှိမည်ဖြစ်ပြီး ရရှိသည့် ငွေဖြင့် ဓာတ်မြေဩဇာ ဝယ်မည်ဆိုပါက […]