ထားဝယ်တွင် KBZ Pay အကောင့် အချို့ အပိတ်ခံရ
diz_admin
September 15, 2021ထားဝယ်တက္ကသိုလ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သူများကို ကူညီပေးရန် အလှူခံနေသည်ဆိုသည့် KBZ Pay အကောင့် တစ်ခုနှင့် ထားဝယ်မြို့နယ် အခြေခံကျောင်းသားများ သမဂ္ဂ၏ ဘဏ္ဍာရေးကိစ္စဆောင်ရွက်နေသည့် KBZ Pay အကောင့်တို့ အပိတ်ခံ (Freeze) လိုက်ရကြောင်း သိရသည်။ ယင်းအကောင့် နှစ်ခုစလုံး အပိတ်ခံလိုက်ရကြောင်း စက်တင်ဘာလ ၁၃ ရက်က ထားဝယ်တက္ကသိုလ် CDM ထောက်ပံ့ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ကျောင်းသား ကျောင်းသားများသမဂ္ဂ တို့က သတင်းထုတ်ပြန်ထားသည်။ ထားဝယ်တက္ကသိုလ် CDM အတွက်အလှူခံနေသော အကောင့်တွင် လက်ကျန်ငွေမရှိသော်လည်း ထားဝယ်မြို့နယ် အခြေခံကျောင်းသားများသမဂ္ဂ၏ အကောင့်တွင်မူ ငွေကြေးတချို့ကျန်ရှိနေသည်ဟုဆိုသည်။ မည်မျှရှိသည်ကိုမူ မသိရပေ။ “ထားဝယ်တက္ကသိုလ်က CDM တွေအတွက် အလှူခံနေတဲ့ အကောင့်ပိတ်ခံရပေမယ့် ပိုက်ဆံတော့မပါသွားဘူး” လို့ ယင်းတက္ကသိုလ်က CDM […]