လောင်းလုံး ရေဖြူရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန်
diz_admin
September 19, 2021ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါအမျိုးသားနှစ်ဦးကို ဂေါ့အင်းရွာရှိ နာရေးကူညီမှုရုံးခန်းအနီး တပ်စွဲထားသည့် စစ်သားများက တားဆီးရာ ဆိုင်ကယ်ရပ်မပေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ရာ သေနတ်ထိမှန်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဂေါ့အင်းကျေးရွာမှာ လောင်းလုံးမြို့၏ တောင်ဘက် တွင် တည်ရှိပြီး စစ်တပ်များ တပ်စွဲကာ အပြင်းအထန် ကြပ်မတ်နေသော အောက်ရေဖြူကျေးရွာနှင့် ကပ်လျက် တည်ရှိသည်။ “(နာရေးကူညီမှုရုံးခန်းအနီးက) ညောင်ပင်အောက်မှာ စစ်နေတာက နှစ်နေရာရှိတယ်။ ပထမဆုံး သေနတ်ကို အပေါ်ကိုမြှောက်ပြီးပစ်တယ်။ ပြီးတာနဲ့ အနောက်ကနေလိုက်ပစ်တာ။ ဓာတ်မီးတိုင်ကိုလဲထိတယ်။ ဆိုင်ကယ်စီးလာတဲ့သူမှာလည်း ထိသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ ဆိုင်ကယ်အနောက်မှ ထိုင်လိုက်လာသူတွင် သေနတ်ထိမှန်ပြီးနောက် အနီးနားရှိ ရေဖြူတံတားအရောက်တွင် […]