ထားဝယ်မြို့ပေါ် အခန်းငှားနေသူများ အခက်တွေ့
diz_admin
September 25, 2021ထားဝယ်မြို့ပေါ်တွင် အခန်းငှားနေထိုင်သူများကို ပိုင်ရှင်က အခန်းမငှားချင်တော့သည့်အခြေအနေ ဖြစ်လာသဖြင့် နေရေး၊ ထိုင်ရေး အခက်အခဲဖြစ်လာနေကြောင်း သိရသည်။ စင်တင်ဘာလ ဒုတိယအပတ်မှစပြီး ထားဝယ်မြို့ပေါ်တွင် တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်များ ဆက်တိုက်ဖမ်းဆီးခံလာရခြင်း၊ ဧည့်စာရင်းတိုင်ကြားနေရခြင်း စသည်တို့ကြောင့် ပိုင်ရှင်များ အခန်းဆက်မငှားချင်တော့ကြောင်း အခန်းငှားနေထိုင်သူအချို့က ပြောသည်။ “ဧည့်စာရင်းတိုင်ပြီးနေမယ်ဆိုတာတောင်မှ အိမ်ရှင်က အခန်းမငှားချင်တော့ဘူးတဲ့” ဟု လတ်တလော အဆောင်လိုက်ရှာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လုံချင်းအိမ်ငှားရမ်းနေထိုင်မည်ဆိုပါကလည်း အိမ်ရှင်က ဧည့်စာရင်းတိုင်ပေးရမည်ကိုစိုးရိမ်ခြင်း၊ လူသစ်များကို အခန်းမငှားရဲခြင်း စသည်တို့ကြောင့်လည်း အခန်းငှား အဆောင်နေသူတို့ အခက်အခဲဖြစ်နေရသည်ဟုဆိုကြသည်။ ရပ်ကွက်အချို့တွင်မူ ဧည့်စာရင်းတစ်ခါတိုင်လျှင် ငါးထောင်ကျပ်ပေးနေရသည်လည်းရှိသည်ဟုဆိုသည်။ ထိုကဲ့သို့သော အခြေအနေကြောင့် အခန်းခမှာလည်း ယခင်ကထက် ဈေးတက်သွားကြောင်း အဆောင်နေသူအအချို့ကပြောသည်။ “အရင်က တစ်ခန်းကိုသုံးယောက်စုပြီး ငါးသောင်းခွဲနဲ့ငှားနေတာ အခု ခြောက်သောင်းခွဲဖြစ်သွားပြီ။ အဲတာတောင် အိမ်ရှင်က သိပ်မနေခိုင်းချင်တော့ဘူး” ဟု […]