ထားဝယ်တွင် ရော်ဘာအစေး မနက်ဖြန် စဝယ်မည်
diz_admin
October 1, 2021ထားဝယ်ဒေသရှိ ရော်ဘာအစေးဝယ်သည့် စက်ရုံအချို့က မနက်ဖြန်မှစပြီး စဝယ်တော့မည်ဖြစ်ကြောင်း ယင်းစက်ရုံများထံမှ သိရသည်။ ထားဝယ်မြို့နယ်တွင် ရော်ဘာအစေးဝယ်သည့် စက်ရုံ ၃ ရုံရှိသည်။ ယင်းစက်ရုံများအနက် ထားဝယ်ရွှေပြည် အဆင့်မြင့်မှိုင်းခံစက်ရုံက အောက်တိုဘာလ ၂ ရက်နေ့တွင် ရော်ဘာအစေး စတင် ဝယ်ယူမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူက ပြောသည်။ လက်ရှိ ရော်ဘာပေါက်စျေးနှုန်းအရ စတင်ဝယ်ယူချိန်တွင် ရော်ဘာအစေးတစ်ပေါင်လျှင် ၁၂၅၀ ကျပ်ဝန်းကျင် စျေးပေါက်နိုင် ကြောင်း ထားဝယ်ရွှေပြည်စက်ရုံ မန်နေဂျာ ဦးဘိုဘိုက ခန့်မှန်းသည်။ “အခုလက်ရှိအချိန်မှာဆိုရင် ၁၂၅၀(ကျပ်) လောက်ဖွင့်လိမ့်မယ် မနက်ဖြန်ဆိုရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်လိမ့်မယ်ခင်ဗျား” ပြီးခဲ့သည့်နှစ်က ရာသီဖွင့်စျေးမှာ ရော်ဘာစေးတစ်ပေါင်လျှင် ၇၅၀ ကျပ်ဝန်းကျင်ရှိပြီး ရာသီပိတ်ချိန်တွင် ၉၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိခဲ့သည်။ ထားဝယ်မြို့နယ်ရှိ ထားဝယ်နဂါးကုမ္ပဏီကမူ အောက်တိုဘာလ တတိယအပတ်တွင် ရော်ဘာအစေး […]