BREAKING
March 15, 2025

ထားဝယ်

စော်ဖျားရွာတွင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

diz_admin

October 7, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် အောက်တိုဘာလ ၇ ရက် ‌နေ့လယ်ပိုင်းက အမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူနှစ်ဦးမှာ အသက် ၂၈ နှစ်ဝန်းကျင်အရွယ် မအေးမာနှင့် မနီဆိုသူတို့ဖြစ်ကြောင်း‌ ဒေသခံများက ဆိုသည်။ “စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပါ။ ဘယ်ကိုခေါ်သွားတာလဲဆိုတာတော့ မသိရသေးဘူး။အခုထိတော့ ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် စော်ဖျားရွာရှိ သံဃာတော်နှစ်ပါးဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။ အောက်တိုဘာလ ၅ ရက်က‌ စော်ဖျားရွာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တနင်္သာရီတိုင်းက လူရှစ်ထောင်ကျော်ကို မှတ်ပုံတင်အသစ်ထုတ်ပေး

diz_admin

October 6, 2021

ပန်းခင်းစီမံချက်အမည်ဖြင့် တနင်္သာရီတိုင်းအတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယာဉ်ထွေး ကပြောသည်။ မေလ ၃ ရက်မှစပြီး အသက် ၁၆ နှစ်နှင့်အထက် ပြည့်သူတိုင်းအား မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလ ပထမအပတ်အထိ မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်၊ ပျောက်ဆုံး၊ ပျက်စီး လဲလှယ်သူ နှစ်ထောင်ကျော် စုစုပေါင်း လူဦးရေ တစ်သောင်းကျော်အား မှတ်တင်ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ လူဦးရေ တစ်သိန်းကျော် (၁၁၅၈၉၇ ဦး) အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမတိုင်မီ ပြီးစီးအောင် မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လျာထားသည်။ ယင်းကဲ့သို့လျာထားဆောင်ရွက်နေစဉ်အတွင်း ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးဖြစ်စဉ်တို့ကြောင်း ယင်းကိစ္စနှောင်းနှေးကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်းဆိုသည်။ “အခုတော့ ရွာတွေအထိကွင်းဆင်းပြီး လုပ်ပေးနေပါပြီ” ဟု ဦးယဉ်ထွေးက ဆိုသည်။ ပုံစာ – […]

ဒေါ်ငြိမ်းမှ ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့် နှစ်လပိတ်

diz_admin

October 5, 2021

ဧရာဝတီတိုင်းရှိ ဒေါ်ငြိမ်းကမ်းခြေမှ တနင်္သာရီတိုင်း ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့်နှစ်လပိတ်ကာ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ကမ်းလွန်လုပ်ကွက် M3 ဒေါ်ငြိမ်းကမ်းခြေမှ M9 ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါရေကြောင်းသတိပေးထုတ်ပြန်ချက်အား စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ Nearshore geophysical site investigation (ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု)နှင့် Survey for domestic gas to power project pipeline survey လုပ်ကိုင်ရာတွင် […]

ထားဝယ်အရှေ့တောဒေသ ကျန်းမာရေးအတွက် အခက်တွေ့

diz_admin

October 5, 2021

မေတ္တာမြို့အပါအဝင် ထားဝယ်အရှေ့တောဒေသနေသူများ ကျန်းမာရေးအတွက် အခက်တွေ့နေရကြောင်း ဒေသခံပရဟိတ အသင်းအချို့ထံမှ သိရသည်။ ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့တွင် ပြည်သူ့ဆေးရုံရှိသော်လည်း ဆရာဝန်နှင့်သူနာပြုမရှိသည့်အတွက် လူနာလက်မခံဖြစ်နေကြောင်း ယင်းအဖွဲ့များက ဆိုသည်။ ထိုကြောင့် ထားဝယ်အရှေ့တောနေ ပြည်သူများကျန်းမာရေးအရ ဆေးရုံဆေးခန်းပြရန် လိုအပ်လာပါ မိုင်၃၀ ကျော်ဝေးသည့် ထားဝယ်မြို့တွင် လာရောက်ပြသကုသနေရကြောင်း ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာ အခြေစိုက် TTL အာယုဒါန ရှာဖွေကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ကိုပြည့်ဇော်ဟိန်းက ပြောသည်။ လက်ရှိတွင် မေတ္တာဆေးရုံ၌ ဆရာဝန်တစ်ဦးသာရှိသည့်အတွက် လူနာလက်ခံခြင်းမရှိသေးကြောင်း သိရသည်။ ထိုကြောင့် ကိုဗစ်ရောဂါ အပါအဝင် အခြားရောဂါသည်များမှာ ထားဝယ်မြို့ သို့မဟုတ် အရှေ့တောဒေသ ကျောက်မဲတောင်ရွာရှိ ဆာဒိုဝါးပုဂ္ဂလိကဆေးခန်းတွင် ကုသနေရကြောင်း ကိုပြည့်ဇော်ဟိန်းက ဆိုသည်။ “အရှေ့တောတစ်ခွင်လုံးက မေတ္တာဆေးရုံကိုပဲ အားကိုးနေရတယ်” ဟု ၎င်းက ပြောသည်။ […]

ထားဝယ်ရိုးရာသပိတ်မျောပွဲ မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတက်

diz_admin

October 4, 2021

ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကျင်းပရန် မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတွေတက်နေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူအချို့ထံက သိရသည်။ ယခင်က သပိတ်အိုးတစ်လုံးလျှင် ဖောက်သည်ဈေး ၄၅၀ ကျပ်မှ ၅၀၀ ကျပ်ခန့်သာရှိပြီး လက်ရှိတွင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဖြစ်နေသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ယင်းပြင် ယခင်က ဆီမီးခွက်တစ်ထောင်လျှင် ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုနှစ်တွင် ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ဝန်းကျင်ခန့်ပေါက်ဈေးဖြစ်နေကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ အချို့က ပြောသည်။ ဈေးကွက်ဝယ်လိုအားများပြီး ပစ္စည်းမထုတ်လုပ်နိုင်သဖြင့် သပိတ်အိုးနှင့် ဆီမီးခွက်ဈေးများ လိုက်တက်လာခြင်းဖြစ်ပြီး အိုးလုပ်ရာတွင် အသုံးပြုသည့် ဆေးပုံနှင့် အခြားပစ္စည်းဈေးများလည်းတက်နေသဖြင့် ဈေးတက်လာခြင်းဖြစ်သည်ဟု ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်မှ ဒေါ်ပန်းအိဖြူက ပြောသည်။ “ကိုဗစ်ဖြစ်တာနဲ့ နိုင်ငံရေးအခြေအနေကြောင့်ဆိုပြီး ရပ်နားလိုက်တယ်။ အိုးမရောင်းရဘူးဆိုပြီးတော့။ […]

ထားဝယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲ ပြင်းထန်

diz_admin

October 3, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျွဲခြံရွာတွင် စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားတပ်ဖွဲ့ TYC-PDF တို့ ယနေ့ နံနက် အာရုံဦးတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။ အောက်တိုဘာလ ၃ ရက် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဆယ်ဦးခန့်သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရသည်ဟု ခန့်မှန်းရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ “အနီးကပ်တိုက်ထားတာဆိုတော့လေ၊ ပစ်ခတ်တာရပ်စဲသွားတဲ့အထိ လက်နက်ကြီးတွေနဲ့ လျှောက်လိုက်ပစ်နေတယ်၊ အခုလဲပြန်ထွက်တာမှာ သေနတ် ဖောက်ဖောက်ပြီး ပြန်ထွက်နေတယ်” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ Local-TYC PDF ဘက်က နှစ်ဦး ဒဏ်ရာရပြီး ပျောက်ဆုံးရာမှ ပြန်တွေ့သူတစ်ဦးမှာ ဒဏ်ရာရထားပြီး […]

တနင်္သာရီတိုင်း လေကြောင်းခရီးစဉ်အချို့ ယခုလကုန်အထိ ဆက်ရပ်နား

diz_admin

October 2, 2021

တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အချို့ကို ယခုလကုန်အထိ ဆက်လက်ရပ်နားထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည် တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် အဲယားKBZ အနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရန် အာဏာပိုင်များက ထုတ်ပြန်ထားသည့် သွားလာမှုကန့်သတ်ခြင်း အမိန့်လမ်းညွှန်ချက် အရ ယင်းကဲ့သို့ ရပ်နားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယခင်က တနင်္သာရီတိုင်းအတွင်းသို့ အဲယားKBZ ၊ မန်းရတနာပုံ၊ ရွှေမြန်မာနှင့် MNA နှင့် MAI လေကြောင်းလိုင်းများ ပြေးဆွဲခဲ့သည်။ ထိုနောက် ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ အဆိုပါလေကြောင်းလိုင်းများ ပြေးဆွဲမှုကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် မန်းရတနာပုံလေကြောင်းလိုင်းအနေဖြင့် အောက်တိုဘာလ ၈ ရက်နေ့အထိ ရပ်နားထားပြီး […]

ဒေါ်လာအတက် ကုန်ဈေးနှုန်းအခက်

diz_admin

October 1, 2021

လက်ရှိတွင် မြန်မာငွေဈေးနှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်လာသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ဈေးကွက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ တပ်အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၀၀ ကျပ် ဝန်းကျင်သာရှိသည်။ ထို့အပြင် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်သွားသည်။ ထိုသို့ ငွေလဲဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအပြင် လူထုလူတန်းစားပေါင်းစုံအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးက စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးမှာ အိမ်နီးချင်းနိုင်ငံထုတ် ပစ္စည်းများအပေါ်တွင် အဓိကမှီခိုနေသည်။ မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်း၏ အကျိုးဆက်အနေနှင့် ပစ္စည်းအားလုံး၏ဈေးမှာ ယခင်ထက် နှစ်ဆခန့် နေ့ချင်းညချင်း ခုန်တက်သွားခဲ့သည်။ ယခင်က နိုင်ငံခြားမှ […]