ကျောင်းပြန်ဖွင့်နိုင်ရန် တိုင်းအတွင်းရှိ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်
diz_admin
October 12, 2021အခြေခံပညာ ကျောင်းများပြန်ဖွင့်နိုင်ရန် တိုင်းအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသူ/ကျောင်းသား သုံးသောင်းငါးထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ကျောင်းပြန်ဖွင့်သည့်အခါ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ ကျောင်းသူ/ကျောင်းသားမျာကို ကိုဗစ်ကာကွယ်ဆေး ကြိုတင်ထိုးနှံပေးခြင်းဖြစ်သည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။ “ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ရည်ရွယ်ပြီး ကာကွယ်ဆေးထိုးပေးတဲ့သဘောပါ” တာဝန်ရှိသူက ပြောသည်။ ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများကို မြို့နယ်ပညာရေးဦးစီးဌာနက စီစဉ်နေပြီး ကာကွယ်ဆေးထိုးမည့်ရက် အတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးကို အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသူ/ကျောင်းသားများကို ထိုးပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းတွင် ကျောင်းသူ/ကျောင်းသား တစ်သိန်းတစ်ထောင်ကျော်ရှိပြီး ၁၂ နှစ်နှင့် အထက်ရှိ […]