ထားဝယ်ရိုးရာသပိတ်မျှောပွဲ မကျင်းပဖြစ်
diz_admin
October 18, 2021နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ ကျန်းမာရေးအခြေအနေများကြောင့် ယခုနှစ်တွင်လည်း ထားဝယ် သပိတ်မျှောပွဲတော် မကျင်းပဖြစ်တော့ကြောင်း ယမန်နှစ်က သပိတ်မျှောပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်အဖြစ် ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။ ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန်မရှိသော်လည်း မိမိရပ်ကွက်၊ ကျေးရွာ အနီးဝန်းကျင်၊ ကမ်းနားလမ်း၊ ရွှေဂူချောင်း စသည့် မြစ်များ၊ ချောင်းများအတွင်းသို့ ဒေသခံများက မိမိအစီအစဉ်ဖြင့် သပိတ်မျှောကြမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီဝင်တစ်ဦးက ပြောသည်။ “အရင်တုန်းကမျိုး၊ အခမ်းအနားတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ မီးပုံးပျံလွှတ်တာမျိုးတွေ၊ အရင်တုန်းကလုပ်တာမျိုးတွေတော့ လောလောဆယ်လုပ်ဖို့အစီအစဉ်မရှိဘူးပေါ့နော်၊ ဒါတွေကလည်း လုပ်မယ်ဆို အနည်းဆုံး တစ်ပတ်လောက်ကြိုတင်ပြီး ပြင်ဆင်ရတာမျိုး” ဟု ကော်မတီဝင်က ဆိုသည်။ ကိုဗစ်ကူးစက်မှုများ မဖြစ်စေရန်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေများကြောင့် ပွဲတော်မကျင်းပဖြစ်ကြောင်း ၎င်းက ပြောသည်။ ထားဝယ်မြို့နယ်ကို လက်ရှိအချိန်ထိ Stay […]