BREAKING
March 15, 2025

ထားဝယ်

ခရိုင်ကောင်စီအဖွဲ့ဝင်တစ်ဦး ထားဝယ်မြို့လယ်တွင် သေနတ်ပစ်ခံရ

diz_admin

October 22, 2021

ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးညီညီအောင်သည် အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က သေနတ်ဖြင့်ပစ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ဦးညီညီအောင်သည် တလိုင်းထိန်ရပ်ကွက် တရုတ်တန်းလမ်းရှိ လက်ဖက်ရည်ဆိုင်ရှေ့ ၎င်း၏ ကားအနီးတွင် ပစ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လက်ရှိတွင် သေနတ်ဒဏ်ရာ ၅ ချက်ခန့်ရသွားပြီး ဆေးရုံတင်ပို့ထားကြောင်း ဒေသခံအချို့က ဆိုသည်။ ခရိုင်ကောင်စီဝင်ဖြစ်သည့် ဦးညီညီအောင်သည် ယခင်က သင်္ဘောဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထားဝယ်ဒေသတွင် ကိုးလအတွင်း နိုင်ငံပိုင်သတင်းစာ‌ရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့်‌ လျော့ကျ

diz_admin

October 21, 2021

ထားဝယ်တွင် ဖေဖော်ဝါရီလမှစကာ အချိန်ကိုးလတာကာလအတွင်း နိုင်ငံပိုင်သတင်းစာရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း သတင်းစာဖြန့်ချိရေး ကိုယ်စားလှယ်အချို့ထံမှ သိရသည်။ နိုင်ငံပိုင်သတင်းစာများမှာ မြန်မာအလင်း၊ ကြေးမုံ ၊ The Global New Light of Myanmar သတင်းစာများဖြစ်သည်။ ဖေဖော်ဝါရီလမတိုင်မီက နေ့စဉ်သတင်းစာစောင်ရေ ၃၀၀ ဝန်းကျင်ဖြန့်ချိနေရာမှ လက်ရှိအချိန်တွင် စောင်ရေ ၂၀၀ ဝန်းကျင်သာ ကျန်တော့ကြောင်း ထားဝယ်မြို့ရှိ သတင်းစာကိုယ်စားလှယ်တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေ့စဉ်ထုတ်နှင့် အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ ရပ်နားခဲ့ပြီးနောက် ထားဝယ်တွင် အစိုးရသတင်းစာများသာ ကျန်ခဲ့သည်။ “အခုချိန်မှာ အစိုးရရုံးတွေပဲ အစိုးရသတင်းစာတွေ ဖတ်ကြတော့တယ်” ဟု အထက်ပါ သတင်းစာကိုယ်စားလှယ်က ပြေသည်။ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် […]

တနင်္သာရီတိုင်း NLD ရုံး ဗုံးခွဲခံရ၊ အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီး

diz_admin

October 21, 2021

ထားဝယ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တနင်္သာရီတိုင်းရုံးသည် အောက်တိုဘာလ ၂၁ ရက် နံနက်စောစောတွင် ဗုံးခွဲခံရပြီး အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကရပ်ပြင်မြောက်ရပ်ကွက်ရှိ NLD ပါတီ တိုင်းရုံးသည် ယနေ့နံနက် ၂ နာရီခွဲဝန်းကျင်တွင် ဖောက်ခွဲဖျက်ဆီးခံရပြီး ပေါက်ကွဲမှု ပြင်းထန်ကြောင်း အဆိုပါရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ “(ဗုံး) အသံကတော့ မြေပါတုန်တယ်” ဟု အဆိုပါ ရပ်ကွက်နေသူက ပြောသည်။ ယမန်နေ့ကလည်း မြိတ်မြို့ရှိ NLD ပါတီ ခရိုင်နှင့်မြို့နယ်ရုံးစိုက်ရာ အဆောက်အဦလည်း ဗုံးဖောက်ခွဲခံခဲ့ရသည်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲ

diz_admin

October 20, 2021

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ နံနက်စောစောတွင် စည်ကားစွာ ကျင်းပလေ့ရှိသည်။ ယခုနှစ်တွင်မူ ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရ အခြေအနေများကြောင့် မကျင်းပတော့ပေ။ ထိုကြောင့် ဒေသခံအချို့က ထုံးတမ်းမပျက် မိမိအစီအစဉ်ဖြင့် သပိတ်မျှောနေသည်ကို တွေ့ရသည်။ သပိတ်အတွင်း ဆီမီး၊ ဆွမ်း၊ ခဲဖွယ်များထည့်ပြီး ထားဝယ်မြစ်အတွင်း မျှောကြခြင်း ဖြစ်သည်။

ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ စောင့်ဆိုင်း

diz_admin

October 19, 2021

နိုင်ငံရေးအကျဉ်းသားများကို ဒုတိယနေ့အဖြစ် ဆက်လက်လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့က ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ လာရောက်စောင့်ဆိုင်းနေကြသည်။ နံနက်ကိုးနာရီခန့်မှစကာ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး တဖြည်းဖြည်းလူများလာကာ နံနက် ၁၁ နာရီခန့်တွင် လူဦးရေ ၂၀၀ ဝန်းကျင်အထိရှိလာကြောင်း ထားဝယ်အကျဉ်းထောင်ရှေ့ကို ရောက်နေသည့် ပြည်သူတစ်ဦးက ဆိုသည်။ “အချို့တွေကတော့ လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာစောင့်နေကြတယ်။ အချို့တွေကတော့ ထားဝယ်ရဲစခန်းမှာ ခံဝန်ထိုးပြီးမှာ လွှတ်ပေးမယ်ဆိုပြီး ပြောနေကြတယ်။ ထောင်ရှေ့မှာတော့ မလွှတ်ပေးဘူးဆိုပြီး ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။ ယမန်နေ့ကလည်း တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး မြိတ်အခြေစိုက် သတင်းထောက်နှစ်ဦးနှင့် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုကျော်ထွေးတို့ လွတ်မြောက်လာခဲ့သည်။ ထောင်မှ လွှတ်ပေးသူစာရင်းအတိအကျသိရှိနိုင်ရန် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၏ ရုံးဖုန်းသို့ ယ‌မန်နေ့ကတည်းက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း […]

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ မနေ့က ပြန်လွတ်

diz_admin

October 19, 2021

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို အောက်တိုဘာလ ၁၈ ရက် ညနေက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် စုစုပေါင်းဦး‌ရေ ၁၀၀ ကျော် ပြန်လွတ်လာသည်ဟု သိရကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။ ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် ပြီးခဲ့သည့် ဇွန်လက အမိန့်ချခံထားရသည်။ ကိုကျော်ထွေးအပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ကိုမင်းသူရလည်း ပြန်လွတ်ပြီဖြစ်ကြောင်း အထက်ပါတရားလွှတ်တော်ရှေ့နေက ပြောသည်။ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရပြီး ထောင်ဒဏ် ၄နှစ်ချမှတ်ခံထားရသည့် သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်မှာမူ မလွတ်မြောက်သေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိလွတ်ငြိမ်းခွင့်ပေးရာတွင် တနင်္သာရီတိုင်းအတွင်းမှ ပြန်လည်လွတ်မြောက်လာသူ အရေအတွက်အား သိရှိနိုင်ရန် မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ဆန္ဒပြရာတွင် […]

ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူး ဇွန်လကတည်းက နုတ်ထွက်ခွင့်တင်ထားပြီး ဟုဆို

diz_admin

October 18, 2021

နေအိမ်ရှေ့ ဗုံးပေါက်ခဲ့သည့် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းမှာ ပြီးခဲ့သည့် ဇွန်လကတည်းက နုတ်ထွက်ခွင့်တင်ထားပြီးဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ ဦးထွန်းမင်း၏ နေအိမ်ရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး ခေါ် ဒေါ်မိစု ဒဏ်ရာရရှိခဲ့သည်။ ဦးထွန်းမင်း၏ဇနီး ဒေါ်ကြည်ဌေးလည်း ဗုံးပေါက်စဉ်က ရရှိသည့်ဒဏ်ရာဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထပ်မံသေဆုံးသွားခဲ့သည်။ ဦးထွန်းမင်းမှာ ပြီးခဲ့သည့်ဇွန်လကပင် ကျန်းမာရေးမကောင်းသဖြင့် နှုတ်ထွက်ခွင့်တင်ပြီးနောက် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း အထက်ပါမိသားစုဝင်က ဆိုသည်။ “ထွက်စာတင်တဲ့ ရက်ကတည်းက အုပ်ချုပ်ရေးမှူးတံဆိပ်တုံးကိုလည်း ပြန်အပ်လိုက်ပြီးပြီ” ဟု ယင်းမိသားစုဝင်က ပြောသည်။ Dawei Watch မှ […]

သီတင်းကျွတ်လက်တွန်းမီးအိမ်လှည်း ထားဝယ်ဈေးကွက်တွင် တစ်ကျော့ပြန်ပေါ်

diz_admin

October 18, 2021

ဈေးကွက်အတွင်း နှစ်ဆယ်ချီ ပျောက်ဆုံးနေသည့် သီတင်းကျွတ်လက်တွန်းမီးအိမ်လှည်းများ ထားဝယ်ဈေးကွက်တွင် တစ်ကျော့ပြန်ပေါ်လာသည်။ ယခင်က ထားဝယ်ဒေသသီတင်းကျွတ်ရာသီတွင် ဖယောင်းတိုင်မီးထွန်းကာ တွန်းပြီးကစားရသည့် လက်တွန်းမီးအိမ်လှည်းအား ကလေးများနှစ်သက်စွာ ကစားလေ့ရှိသည်။ ယင်းမီးအိမ်လှည်းများကို ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက်တွင် မီးအိမ်ပြုလုပ်ရောင်းချသူ နှစ်ဦးရှိပြီး လက်ရှိတွင် လက်မလည်အောင် ရောင်းရကြောင်း မီးအိမ်ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။ လက်တွန်းလှည်းမီးအိမ်တစ်ခုလျှင် ၃၀၀၀ ကျပ်နှင့် ဆယ်လုံးနှင့်အထက် ဝယ်ယူပါက ၂၈၀၀ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။ ယခင်နှစ်များကပင် ယင်းလက်တွန်းမီးအိမ်အား ပြုလုပ်နေသော်လည်း ထုတ်လုပ်နိုင်သည့် ပမာဏနည်းနေခြင်းကြောင့် ဈေးကွက်အတွင်းမှ ပျောက်သွားခြင်းဖြစ်သွားကြောင်း မီးအိမ်ပြုလုပ်ရောင်းချနေသည့် ပန်းချီစိုးမိုးက ဆိုသည်။ လက်ရှိတွင် မိသားစုဝင်များဖြင့် စုပေါင်းလုပ်ကိုင်ခြင်း၊ ဖေ့ဘုတ်ပေါ်တင်ပြီး ကြော်ငြာခြင်းတို့ကြောင့် လူသိများလာပြီး ဝယ်လိုအားများလာကြောင်း ၎င်းက ပြောသည်။ “အခုက ပျောက်နေတာကြာပြီဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားလာကြတာဖြစ်မယ်။ အခုဆိုရင် […]