လောင်းလုံးဒေသခံများ ဆက်တိုက်အဖမ်းခံရ
diz_admin
November 3, 2021နိုင်ဘာလ ၁ ရက်က လောင်းလုံး- စစ်ပြဲသွားလမ်းတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ပြဲကျေးရွာအပါအဝင် အနီးနားကျေးရွာမှ ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၃ ရက်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း သုံးဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကျေးရွာနေ ကိုလုလုဇော်အား လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးဖြစ်သူနှင့် ၂ နှစ် အရွယ်ကလေးတစ်ဦး၊ ထို့အပြင် ဦးလေးဖြစ်သူ ကဒက်ထိန်ကျေးရွာ ရာအိမ်မှူးဟောင်းဖြစ်သူ ဦးဇော်ဝင်းကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။ နိုဝင်ဘာလ ၂ ရက်က စစ်ပြဲကျေးရွာအုပ် စစ်ပြဲရှေ့ပိုင်းရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်၏ မိသာစုနေအိမ်တစ်လုံး မီးရှို့ခံရပြီး ကျေးရွာဒေသခံ ၁၂ ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]