လောင်းလုံးတွင် ကားမိုင်းဆွဲခံရ
diz_admin
November 11, 2021ပျူစောထီးဟု နာမည်ကျော်သူတစ်ဦး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာကြားတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ဘက်မှ မောင်းနှင်လာစဉ် ထိုသို့ မိုင်းဆွဲခံရခြင်း ဖြစ်ပြီး မိုင်းဆွဲခံရသူမှာ ပန်းဒလဲ ကျေးရွာနေ ကိုဇော် ဆိုသူဖြစ်သည်။ ၎င်းသည် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်လေ့ရှိပြီး ပျူစောထီးဟုနာမည်ကြီးကြောင်း ဒေသခံတို့က ဆိုသည်။ “ဟုတ်ပါတယ်။ သူ့ကားဆိုတာ သေချာတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အမျိုးသားတွင် ထိခိုက်ဒဏ်ရာရမှုမရှိဟု သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ယင်းကျေးရွာနှစ်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးနေပြီး သေနတ်သံများလဲကြားရတယ်ဟု ဒေသခံများကပြောသည်။ အဆိုပါ ပျူစောထီးခေါင်းဆောင်ဆိုသူအား တိုက်ခိုက်မှုသည် မိမိတို့လက်ချက်ဖြစ်ပြီး ဒေသခံများနှင့် မသက်ဆိုင်ကြောင်း Underground […]