အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ ကန့်သတ်ချက်ကြောင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်တွေ့
diz_admin
November 16, 2021ထားဝယ်ဒေသတွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသားနှစ်ဦး အတူမစီးရဆိုသည့် ကန့်သတ်ချက်ကြောင့် အခက်တွေ့နေရကြောင်း ဆိုင်ကယ်ကယ်ရီသမားများက ငြီးတွားနေသည်။ ထားဝယ်ခရိုင်အတွင်း ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးအတူစီးခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ကန့်သတ်ခဲ့သည်။ ထိုသို့ ကန့်သတ်လိုက်သည့်အတွက် အမျိုးသားခရီးသည်လာငှားပါက လိုက်မပို့ရဲတော့ဘဲ သုံးဘီးကိုသာ စီးနင်းရန် ပြောဆိုနေရကြောင်း ထားဝယ်မြို့အတွင်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။ “ပိုက်ဆံမရရင်နေပါစေ မလိုက်ရဲတော့ဘူး၊ မပြောမဆို ပစ်လိုက်ရင် အသက်ပါသွားမှာ”ဟု အထက်ပါ ကယ်ရီသမားက ပြောသည်။ လက်ရှိအခင်းအကျင်းများကြောင့် ငွေရှာရခက်ခဲနေချိန်တွင် ယင်းကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့် ယခင်ထက်ဝင်ငွေပိုနည်းလာပြီး အကြပ်အတည်းပိုဖြစ်လာကြောင်း အခြားကယ်ရီသမားတစ်ဦးက ဆိုသည်။ “မနက်ကတောင် အမျိုးသားတစ်ယောက် အဝေးပြေးကွင်းကို လာငှားလို့ သုံးဘီးခေါ်ပေးလိုက်ရတယ်။ နှစ်ထောင်ရမယ့်ဟာ မရတော့ဘူးပေါ့”ဟု ၎င်းက ပြောသည်။ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန်ကန့်သတ်ထားပြီး အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသမီးနှစ်ဦး စီးနင်းခွင့်ပြုထားသည်။ ထားဝယ်ဒေသသယ်ယူပို့ဆောင်ရေးတွင် […]