BREAKING
March 16, 2025

ထားဝယ်

ကံပေါက်ဒေသခံ တစ်ဆယ်ကျော် အဖမ်းခံရ

diz_admin

November 22, 2021

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် နိုဝင်ဘာလ ၂၁ ရက်ညက ဒေသခံ တစ်ဆယ်ကျော်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ရပ်ကွက်အုပ်ချုပ်‌ ရေးမှူးဟောင်း ၊ ဒေသရေပေးဝေရေးနှင့် အမှိုက်သိမ်းစနစ် ကော်မတီဝင်ဟောင်းများ၊ CDMဆရာမတစ်ဦးနှင့် ကံပေါက်ဒေသခံများပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။ “သူတို့က ဘာကိုဖမ်းချင်တာလဲမသိဘူး ။ ရေကော်မတီဝင်တွေရော ရပ်ကွက်မှူးတွေရော ရေကော်မတီတွေရော ဖမ်းတာဆိုတော့”ဟု ဒေသခံတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရထားသူများကို ရေတပ်စခန်းတစ်ခုအတွင်း စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု သိရကြောင်း ၎င်းဒေသခံက ပြောသည်။ လက်ရှိဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ရေကော်မတီဝင်‌ဟောင်းအချို့၏ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်မယူကြောင်း ရေဖြူမြို့နယ် ပျုစောထီးအဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် လူမူကွန်ယက်မှတဆင့် ထုတ်ပြန် ခြိမ်း‌ခြောက်ခဲ့ဖူးသည်။

စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းချုပ် ဆရာတော်ပျံတော်မူ

diz_admin

November 22, 2021

စခန်းကြီးသုဓမ္မာ ပဝါရဏာ ဒဿမဂိုဏ်းချုပ်ဆရာ‌တော်သည် နိုဝင်ဘာလ ၂၁ ရက် နံနက်တွင် ပျံတော်မူသွားကြောင်း တပည့်ဖြစ်သူ ဦးပ‌ညောဘာသက မိန့်ကြားသည်။ လောင်းလုံးမြို့နယ် တောင်မင်းပြောင်ကျောင်းကြီး၏ ပဓာနနာယကဆရာတော် ဘန္ဒန္တသောဘဏသည် သက်တော် ၉၀၊ ဝါတော် ၇၁ ဝါရှိပြီဖြစ်ပြီး ဒဿမ‌မြောက်ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်သည်။ “ဆရာတော်က အသက်ကြီးပြီလေ။ ကိုးဆယ်ခြောက်ပါး လူကြီးရောဂါပေါ့”ဟု ဦးပ‌‌ညောဘာသကမိန့်သည်။ နိုဝင်ဘာလ ၂၅ ရက် နေလယ် ၁ နာရီတွင် တောင်မင်းပြောင်ရွာ သုသာန်၌ အန္တိမဈာပနပွဲကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။ တောင်မင်းပြောင်ရွာသားတစ်ဦးဖြစ်သည့် ဆရာတော်တွင် မွေးချင်း ခြောက်ဦးရှိပြီး ငယ်အမည်မှာ မောင်ဟန်ရင် ဖြစ်သည်။

လေယာဉ်စီးချိန် ကိုဗစ်စစ်ရမည့် ကန့်သတ်ချက်ဖြေလျော့ တနင်္သာရီတိုင်း မပါ

diz_admin

November 21, 2021

လေယာဉ်စီးရာတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးသူများအနေဖြင့် ကိုဗစ်စစ်ဆေးရန်မလို‌တော့ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေလျော့လိုက်သော်လည်း တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်များတွင် နေထိုင်သူများမပါဝင်ကြောင်း ဖော်ပြထားသည်။ အထက်ပါ မြို့နယ် ၃ ခုအပြင် ကလေးမြို့နယ်ကိုလည်း ခြွင်းချက်အနေဖြင့် ကန့်သတ်ထားကြောင်း ဖော်ပြထားသည်။ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပြီးသော်လည်း RDT ဖြင့် ကိုဗစ်စစ်ဆေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကိုဗစ်စစ်ဆေးခြင်းအား လေဆိပ်တည်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် စစ်ဆေးနိုင်ကြောင်း ဖော်ပြထားသည်။ ကိုဗစ်ဓာတ်ခွဲစစ်ဆေးချက်အဖြေသည် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း စစ်ဆေးထားရမည်ဖြစ်ကြောင်း ဖော်ပြသည်။ လေကြောင်းလိုင်းများအနေဖြင့် ရန်ကုန်မှ ထားဝယ်နှင့် မြိတ်မြို့များသို့ ယခုအပတ်မှစကာ ပြန်လည်ပြေးဆွဲနေခြင်းဖြစ်သည်။ ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ […]

လောင်းလုံးမြို့နယ်အတွင်း မီးတန်းပါ ရဲကားမိုင်းခွဲခံရပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

diz_admin

November 21, 2021

လောင်းလုံးမြို့နယ် ညင်းမော်ရွာနှင့်ဂေါ့အင်းရွာအကြား ကြယ်တောင်အနီးတွင် နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ဝန်းကျင်က မီးတန်းပါ ရဲကားငယ် တစ်စီး မိုင်းဆွဲခံရပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ခြင်းကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Launglone People’s Defence Force) က ထုတ်ပြန်ထားသည်။ “ပေါက်ကွဲသံရော အပြန်အလှန်ပစ်ခတ်သံရော စုံနေတာပဲ။ ရဲကားတစ်စီးတော့ မှန်တွေ ကားနောက်ပိုင်းတွေ တော်တော်ပျက်စီးသွားတယ် လူထိခိုက်တာလည်း များနိုင်တယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။ ထိုသို့ ဖောက်ခွဲပစ်ခတ်ပြီးနောက် ထားဝယ်ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားဖြည့်လာသည်ဟု ကြား၍ ၎င်းတို့ ဆုတ်ခွာခဲ့သည်ဟု LPDF က ထုတ်ပြန်ထားသည်။ အထက်ပါဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ၆ […]

သရက်ချောင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

November 20, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် ပျူစောထီးအဖွဲ့ဝင် ဦးသိန်းမဲဆိုသူကို Dawei Defense Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ အမျိုးသားကို စော်ဖျားကျေးရွာ ရော်ဘာခြံအနီးတွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းရှင်းလင်းချက်မှာ ကျေးရွာနေပြည်သူတို့နှင့် မသက်ဆိုင်ကြောင်း Dawei Defense Force ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အလားတူ သရက်ချောင်းမြို့နယ်၊ အလယ်စုကျေးရွာတွင်လည်း ကိုဇော်ဆိုသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း စော်ဖျားရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူက ကနက်သီရိရွာသား အလယ်စုရွာသူနဲ့ အိမ်ထောင်ကျပြီး လာနေတာ၊ ဘယ်အဖွဲ့က သတ်တာလဲ ဆိုတာ ကျွန်တော်တို့လဲ မသိဘူး၊ ကျနော်တို့ရွာက […]

ကံပေါက်ဒေသတွင် ပေါက်ကွဲမူဆက်တိုက်ဖြစ်ပွား

diz_admin

November 19, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသနှင့် အနီးနားကျေးရွာတစ်ရွာဖြစ်သည့် ဖားချောင်းကျေးရွာအုပ်စုတို့တွင် ပေါက်ကွဲမူများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၈ ရက်ည ၉ နာရီခန့်တွင် ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် စရဖရုံးတို့တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းနောက် ည ၁၂ နာရီခန့်တွင် ဖားချောင်းကျေးတွင် ဒလန်ဟုလူသိများသောအသက် ၅၀ ကျော်အရွယ် ဦးကျော်ဦးအား အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး ၎င်းနေအိမ်လည်း မီးရှို့ခံလိုက်ရကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး တောနင်းရှာဖွေရန် ရောက်လာသည်ဟုဆိုသော စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကားတစ်စီး မိုင်းဆွဲပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ထိခိုက်မှုအခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိပေ။ စက်တင်ဘာလအတွင်းကလည်း ကံပေါက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏နေအိမ်တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ဖူးသည်။ ယင်းပေါက်ကွဲမူအား ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုပေါက်ကွဲမှုနှင့် သေနတ်ပစ်ခံရမှူတို့ကိုမူ […]

ရန်ကုန်-ထားဝယ် လေကြောင်းခရီးစဉ် နိုဝင်ဘာလ ၁၉ ရက်နေ့ စပြေးဆွဲမည်

diz_admin

November 17, 2021

လပေါင်းများစွာ ရပ်နားထားခဲ့သည့် ရန်ကုန်-ထားဝယ် လေကြောင်းခရီးစဉ်အား နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မူ ရန်ကုန်-မြိတ် ခရီးစဉ်အား ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သည်။ ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။ လက်ရှိတွက်မူ Air KBZ လေကြောင်းလိုင်းနှင့် MAI လေကြောင်းလိုင်းများက နေ့စဉ်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်-ထားဝယ်အတွက် ၆၉၀၀၀ ကျပ်နှင့် ရန်ကုန်-မြိတ် ခရီးစဉ်အတွက် ၈၂၀၀၀ ကျပ်သတ်မှတ်ထားကြောင်း Air KBZ က ထုတ်ပြန်ထားသည်။ ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က […]

တနင်္သာရီတိုင်းတွင် အိမ်ရှိလူစာရင်းကပ်ရန် ညွှန်ကြား

diz_admin

November 16, 2021

နေအိမ်အရှေ့တွင် လူစာရင်းကပ်ထားရန် ထားဝယ်ခရိုင်အပြင် တိုင်းအတွင်းရှိ ခရိုင်အားလုံးကို ညွှန်ကြားထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ အိမ်တွင်နေထိုင်သည့် လူအရေအတွက်အား သိနိုင်ရန် ယင်းကဲ့သို့ညွှန်ကြားထားပြီး လက်ရှိတွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ “အိမ်ထောင်စုစာရင်းကို သိအောင်ပေါ့။ အိမ်(မှာရှိတဲ့လူစာရင်း)ကလူတွေကို သိရှိအောင်ပေါ့” ဟု ၎င်းက ဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် လူစာရင်းကပ်ထားရန် ပြောဆိုနေသော်လည်း အချို့ရပ်ကွက်များတွင်မူ လာရောက်ပြောဆိုခြင်းမရှိသေးပေ။ မြို့ပေါ်ရှိ အိုးလုပ်ရပ်ကွက်နှင့် ဆန်းချီရပ်ကွက် အပါအဝင် ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်အပတ်မှစကာ ယင်းကဲ့သို့ ညွှန်ကြားထားကြောင်း ဒေသခံအချို့က ဆိုသည်။ အိုးလုပ်ရပ်ကွက်တွင် လူဦးရေစာရင်းကပ်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှတစ်ဆင့် လာရောက်ပြောဆိုခဲ့ကြောင်း ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ “လာစစ်တဲ့အချိန်ဆို ဒီစာရွက်ရှိနေရမယ်ဆိုလို့ ကပ်ထားလိုက်တယ်”ဟု ၎င်းက ပြောသည်။ ဆန်းချီရပ်ကွက်တွင်လည်း ထိုသို့ကပ်ထားရန် လာရောက်ပြောဆိုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းနှင့် […]