သရက်ချောင်း သူရဲတောင်ရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ
diz_admin
November 27, 2021သရက်ချောင်းမြို့နယ် သူရဲတောင်ရွာတွင် နိုဝင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်က သူရဲတောင်ရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အုပ်ချုပ်ရေးမှူးဟောင်းဦးအောင်ဝင်းမှာ စစ်တပ်သတင်းပေးသူအဖြစ် လူပြောများနေသူဖြစ်ကြောင်းဒေသခံအချို့က ဆိုသည်။ သူရဲတောင်နှင့် ကင်းရှေ့ရွာကို ဆက်သွယ်ထားသည့် ကြိုးတံတားအနီးတွင် ပစ်သတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သံကြားတာကတော့ လေးငါးချက်ပဲရှင်၊ သူ့ကိုက ရွာထဲမှာ စစ်ကောင်စီဘက်ကဆိုပြီး ပြောတယ်၊ ပြည်သူဘက်ကတွေက စစ်တပ်သတင်းပေးဆိုပြီး ပြောကြတယ်” ဟု သူရဲတောင်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ အသက် ၆၀ ခန့်ရှိ ဦးအောင်ဝင်းမှာ NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖြစ်ပြီး ယခု စစ်ကောင်စီကလည်း ပြန်လည်ခန့်အပ်ထားသည်ဟု ပြောဆိုမှုများ လည်း ရှိနေသည်။ သို့သော် အုပ်ချုပ်ရေးမှူး အလုပ်လုပ်သည်ကို […]