BREAKING
March 16, 2025

ထားဝယ်

စော်ဖျားရွာတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးနောက် ပျူစောထီးများ သေနတ်ပစ်ဖောက်၊ ဆန္ဒပြရာတွင် ကူညီပေးသူတစ်ဦးလည်း ရော်ဘာခြံတွင် သေဆုံး

diz_admin

December 4, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် ဒီဇင်ဘာလ ၃ ရက် နံနက် ၃ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကျေးရွာအတွင်း ပျူစောထီးအဖွဲ့ဝင်များ သေနတ် ပစ်ဖောက်ကြကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် ဆန္ဒပြရာတွင် ကူညီပေးသဖြင့် ခြိမ်းခြောက်ခံရသောကြောင့် ရော်ဘာခြံတွင် တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးလည်း ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် ၄၅နှစ်အရွယ် ဦးဖိုထူးဖြစ်ပြီး ရော်ဘာခြံအတွင်း ရော်ဘာခြစ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပေါင်တွင် ကျည်ထိမှန်ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ဒဏ်ရာတော့ မပြင်းဘူး။ လောလောဆယ်တော့ ဆေးခန်းပြနေတယ် ထင်တယ်။ ဘယ်သူတွေ လာပစ်လဲ ဆိုတော့ […]

ရေဖြူတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

December 3, 2021

ထားဝယ်ခရိုင် ရေဖြူမြို့ (ဃ) ရပ်ကွက် (ဆင်းသေရွာ) က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးနိုင် ခေါ် ဦးအာလူးဆိုသူ ယနေ့ (ဒီဇင်ဘာ ၃) နံနက် ၇ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရ သည်။ နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး အရေးပေါ်ကားဖြင့် ထားဝယ် ဆေးရုံ သို့ တင်ဆောင်သွားသော်လည်း သေဆုံးသွားကြောင်း၊ သေနတ်သမားက မည်ကဲ့သို့ လာရောက် ပစ်ခတ်ခံသည်ကိုမူ မသိလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လည်ပင်းမှာ သေနတ်ထိပြီး အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ တင်သွားတယ်။ ဟိုရောက်တော့ သေသွားတယ်လို့ သတင်းကြားရတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ဦးစိုးနိုင် ပစ်သတ်ခံရပြီးနောက် (ဃ) ရပ်ကွက်နေထိုင်သူ အသက် ၇၀ […]

တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာ ဆေးခန်းရက်ချိန်းပျက်မှု မြင့်တက်

diz_admin

December 2, 2021

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများကြောင့် တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာများ ဆေးခန်းရက်ချိန်းပျက်ကွက်မှု မြင့်တက်လာကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင့် တနင်္သာရီအခြေစိုက် လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။ စစ်အာဏာသိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးခန်းရက်ချိန်း ပျက်ကွက်မှု ၂၉၂၉ ခုရှိကြောင်း၊ အဆိုပါ ပျက်ကွက်မှု ပမာဏသည် ယမန်နှစ်ထက် ၈၉ ရာခိုင်နှုန်း ပိုများလာကြောင်း ကမ္ဘာ့ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆက်သွယ်၍ မရသည့် လူနာများစွာ ရှိနေကြာင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းနှင့် ပြည်နယ်အလိုက် ဆေးခန်းရက်ချိန်း ပျက်ကွက်သည့် […]

ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်ပြီး နှစ်လကျော်တွင် ပြန်ကျ

diz_admin

December 2, 2021

ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်သွားပြီးနောက် နှစ်လကျော်အကြာ ယခုသီတင်းပတ်တွင် ဈေးပြန်ကျ နေကြောင်း ထားဝယ်မြို့ရှိ စက္ကူထူအဟောင်းဝယ်ယူနေသူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ မတိုင်မီက ကတ်ထူစက္ကူအဟောင်း တစ်ပိဿာလျှင် ကျပ် ၂၀၀ ဝန်းကျင်သာ ဈေးပေါက်ရာမှ အောက်တိုဘာလမှ စတင်ကာ တစ်ပိဿာလျှင် ၆၅၀ ကျပ်အထိ ဈေးတက်ခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် ၅၅၀ ကျပ်အထိ ဈေးပြန်ကျနေကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။ ကတ်ထူစက္ကူမှာ တီဗီ၊ ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကို ထုပ်ပိုးသည့် စက္ကူထူများဖြစ်သည်။ တစ်ရက်လျှင် ပျမ်းမျှ စက္ကူအဟောင်း ပိဿာ ၇၀၀ ကျော် ဝယ်ယူနေပြီး ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း ထားဝယ်မြို့ရှိ စက္ကူဝယ်နေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ကတ်ထူစက္ကူအဟောင်း ဝယ်ယူနေ သည်မှာ ၂၂ နှစ်ရှိပြီဖြစ်ပြီး […]

အလူမီနီယံကုန်ကြမ်းဈေး နှစ်ဆခန့်ခုန်တက်၊ အလုပ်အပ်သူနည်း

diz_admin

November 30, 2021

ပြတင်းပေါက်၊ ဗီရိုကဲ့သို့ အိမ်သုံးပရိဘောဂပစ္စည်းများလုပ်သည့် အလူမီနီယံချောင်းများ၏ဈေးနှုန်းမှာ ပြီးခဲ့သည့်လမှစကာ နှစ်ဆခန့်တက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံဖြင့်အိမ်သုံးပစ္စည်းလုပ်နေသူအချို့ထံမှ သိရသည်။ ဥပမာအားဖြင့် ဗီရိုနှင့် ပစ္စည်းတင်စင် ပြုလုပ်ရာတွင် အသုံးပြုရသည့် ၃လက်မ ၁ လက်မ အရွယ် အလူမီနီယံတစ်ချောင်း၏ဈေးမှာ ယခင်က ၁၆၅၀၀ ကျပ်သာ ရှိရာမှ လက်ရှိတွင် ၃၁၅၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပစ္စည်း လုပ်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။ ထို့အပြင် ပြတင်းပေါက်ပြုလုပ်ရာတွင်အသုံးပြုရသည့် အလူမီနီယံချောင်းများလည်း ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။ ယင်းကြောင့်နေအိမ်ပြတင်းပေါက်များတွင် တပ်ဆင်မှုများသည့် လေးပေသုံးပေ အကျယ်ရှိသည့် ပြတင်းပေါက်တစ်ပေါက်လျှင် တစ်သိန်းနှစ်သောင်းကျပ်မှ နှစ်သိန်းကျော်အထိ ကျသင့်လျက်ရှိသည်။ ထိုသို့ ဈေးတက်သွားသည့်အတွက် အလုပ်အပ်သူနည်းသွားကြောင်း အလူမီယံလုပ်နေသူအချို့က ညည်းတွားကြသည်။ ထိုကြောင့် နေအိမ်တွင် လုံခြုံရေးအတွက် မဖြစ်မနေတပ်ဆင်ရမည့် […]

7 Day သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်တွင် လူငယ်သုံးဦး ထပ်ဖမ်းခံရ

diz_admin

November 30, 2021

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး၊ 7 Day ဂျာနယ် သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်မြို့တွင် လူငယ်သုံးဦး ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ထပ်မံအဖမ်းခံလိုက်ရကြောင်း သိရသည်။ အဖမ်းခံလိုက်ရသူများမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုထူးမြတ်လွင်၊ 7 Day ဂျာနယ်သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့ ဖြစ်ကြသည်။ ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့မှာ မောင်နှမတော်စပ်သည်။ အဆိုပါလူငယ်သုံးဦးသည် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ကိုစိုင်းကိုကိုထွန်း၏နေအိမ်တွင်ရှိနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “သိရသလောက်ကတော့ မနက် ၆ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတယ်လို့ပဲသိရသေးတယ်။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာမျိုးအသေးစိတ်မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ ကိုထူးမြတ်လွင် ထားဝယ်ခရိုင်သပိတ်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆန္ဒပြသပိတ်ဦးဆောင်သူတစ်ဦးဖြစ်ကြောင်း ယင်းကော်မတီက သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကိုစိုင်းကိုကိုထွန်းမှာ […]

ထားဝယ်တွင် နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦး အဖမ်းခံရ

diz_admin

November 28, 2021

ထားဝယ်မြို့နေ စိုက်ပျိုးရေးဌာန နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီမှ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဖမ်းခံရသူများ၏ မိတ်ဆွေများ ထံမှ သိရသည်။ ထိုလူငယ် ၅ ဦးသည် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်ရှိ ၎င်းတို့၏သူငယ်ချင်းနေအိမ်သို့ အလည်ရောက်ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း ၎င်းတို့၏ မိတ်ဆွေများထံမှ သိရသည်။ နိုဝင်ဘာလ၂၈ မနက် ၅ နာရီ ခန့်တွင် ထားဝယ် ညောင်ရမ်းတောင်ရပ်ကွက်ရှိ ကိုဘိုဘိုမင်း၏ နေအိမ်သို့ အထက်ပါသူငယ်ချင်းများ ရောက်ရှိနေစဉ် ရဲယူနီဖောင်းဝတ်နှင့် အရပ်ဝတ်လူ ၅ ဦးတို့ ရောက်ရှိလာကာ အထက်ပါလူငယ် ၅ ဦး အပါအဝင် အိမ်ရှင် ကိုဘိုဘိုမင်း၏မိခင်၊ အမျိုးသမီးငယ် ၃ ဦး၊ ကလေးငယ် […]

ကိုဗစ်ကပ်ဘေး ပြန်တပ်လှန့်နေချိန် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်

diz_admin

November 27, 2021

ဗိုင်းရပ် မျိုးဗီဇပြောင်းပြီး ကိုဗစ်စတုတ္ထလှိုင်း ပြန်စနေသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးနေချိန်တွင် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြို့အဝင်ဂိတ်များကို ဖြတ်သန်းရာတွင် ဆိုင်ကယ်၊ မော်တော်ယာဉ်ဖြင့်လာသူများအား ခြေလျင်ဖြတ်ခိုင်းပြီး နှာခေါင်းစည်းချွတ်ရန် ပြောဆိုနေကြောင်း ဂိတ်ဖြတ်သန်းပြီး သွားလာနေသည့် ဒေသခံများက ပြောသည်။ ထားဝယ်မြို့တွင် မြို့အဝင်အထွက်ဂိတ် လေးခုရှိပြီး ဂိတ်ဖြတ်သန်းချိန်တွင် နှာခေါင်းစည်းချွတ်ရန် စာရေးထားကြောင်း ၎င်းတို့က ဆိုသည်။ ဂိတ်ဖြတ်သန်းချိန်တွင် နှာခေါင်းစည်းချွတ်ထားရန်နှင့် အခြားနေရာရောက်မှသာတပ်ရန် ပြောဆိုခဲ့ကြောင်း ဗျောတောဝဂိတ်အား ဖြတ်သန်းရသည့် မေတ္တာမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။ “ကိုဗစ်ကူးနေတဲ့အချိန်ကြီးမှာ နှာခေါင်းစည်းဖြုတ်ခိုင်းတာတော့ တစ်ကယ်အံ့သြမိတယ်”ဟု ၎င်းက ဆိုသည်။ ပေါက်တိုင်းတံတားတွင်လည်း နှာခေါင်းစည်းဖြုတ်ပြီးမှ ဖြတ်ကြရန် အော်ပြောနေသည်ကို ကြုံရကြောင်း သုံးဘီကားမောင်းသူတစ်ဦးက ပြောသည်။ ဂိတ်ဖြတ်ရာတွင် CCTV ကင်မရာတပ်ထားသည့်အတွက် နှာခေါင်းစည်းမတပ်ရန် […]