GGS ကုမ္ပဏီအကြွေးကျန်ကိစ္စ ပြည်ထောင်စုဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးကို အဂတိဖြင့်အမှုဖွင့်
diz_admin
December 9, 2021ထားဝယ်ခရိုင်အား လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် GGS ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန် ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးတို့ကို အဂတိမှုဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်သည်။ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်းများဖြစ်သည့် ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ ရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ဦးဝင်းခိုင်နှင့် ဒေါက်တာထွန်းနိုင်တို့သည် Global Grand Service (GGS) ကုမ္ပဏီအတွက် သဘာဝ ဓာတ် ငွေ့ဖိုး ငွေကျပ် ခြောက်ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြသည်။ […]