ထားဝယ်သပိတ် ဦးဆောင်သူတစ်ဦး ထောင်ဒဏ် ၁၁ နှစ် ချခံရ
diz_admin
December 13, 2021နိုဝင်ဘာလ ၂၀ အထိ ထောင်တွင်း အမိန့်ချခံရပြီး အကျဉ်းကျခံနေရသူ ၄၀ ရှိ ထားဝယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုချစ်နိုင်သည် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန်သည်။ ကိုချစ်နိုင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပါအဝင် အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁ ကျခံရန် ယခု ဒီဇင်ဘာလအတွင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထားဝယ်အကျဉ်းထောင်အတွင်းရှိ ထောင်တွင်းတရားရုံး (အထူးတရားရုံး) တွင် အမိန့်ချခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အသက် ၁၉ နှစ်အရွယ် ကိုချစ်နိုင်သည် ထားဝယ်တက္ကသိုလ်တွင် ပထဝီဘာသာ အဝေးသင် ပထမနှစ် ကျောင်းသားဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့က ထားဝယ်မြို့သစ် ၇ […]