ထားဝယ်ခရိုင်လျှပ်စစ်မီတာခ လစဉ်ဈေးတက်၊ တင်ဒါအောင်ဈေးထက် ၄၅ ကျပ်ပို
diz_admin
December 17, 2021ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခမှာ ပြီးခဲ့သည့် ဇူလိုင်လမှစကာ လစဉ်ဈေးတက်နေပြီး ဈေးတက်မည့် အကြောင်းကို ကြိုတင်အသိပေးခြင်းလည်း မရှိကြောင်း လျှပ်စစ်သုံးစွဲသည့် ပြည်သူများထံမှ သိရသည်။ ဇူလိုင်လက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ် ကောက်ခံနေရာမှ ဒေါ်လာဈေးတက်သည်ဟုဆိုကာ နိုဝင်ဘာလအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၈၃ ကျပ်အထိ တိုးမြှင့်ကောက်ခံနေသည်။ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro and Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ထားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။ နိုဝင်ဘာလအတွက် ကောက်ခံနေသည့် ဈေးနှုန်းအရ တင်ဒါအောင်ဈေးထက် လျှပ်စစ်တစ်ယူနစ်လျှင် ၄၅ ကျပ် ပိုမိုနေသည်။ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်တစ်ယူနစ်လျှင် ဇူလိုင်လတွင် ၂၃၅ ကျပ်၊ ဩဂုတ်လတွင် ၂၄၈ ကျပ်၊ […]