BREAKING
March 17, 2025

ထားဝယ်

တနင်္သာရီတိုင်းတွင် ပြင်သစ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုအပါအဝင် ဟိုတယ်လုပ်ငန်းသုံးခု ခွင့်ပြု

diz_admin

December 24, 2021

စစ်ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း ပြင်သစ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုအပါအဝင် ဟိုတယ်လုပ်ငန်း သုံးခုကို ခွင့်ပြုပေးလိုက်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။ လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ၊ ထားဝယ်မြို့နယ် အမြားကျေးရွာနှင့် ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာတို့တွင် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။ ယင်းဟိုတယ်လုပ်ငန်းသုံးခုကို ယခုလအတွင်း ခွင့်ပြုပေးကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။ လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာတွင် ပြင်သစ်နိုင်ငံသားပိုင် Myanmar Beach Hotel ကုမ္ပဏီအား မြေအကျယ်အဝန်း လေးဧကကျော်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။ အဆိုပါ ပြင်သစ်နိုင်သားပိုင်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုပမာဏမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၉ သန်း ဖြစ်ကြောင်း အဆိုပါကော်မတီစာရင်းအရ သိရသည်။ Myanmar Beach Hotel ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် […]

ခရီသည်တင်ကား သုံးစီး ပစ်ခတ်ခံရ၊ သုံးဦး ဒဏ်ရာရ

diz_admin

December 24, 2021

မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းလာသည့် ခရီသည်တင်ကား သုံးစီး သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာအနီးတွင် ယနေ့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သုံးဦး ဒဏ်ရာရကြောင်း ကားသမားတစ်ဦးနှင့် ခရီးသည်အချို့က ပြောသည်။ ရွှေမန္တလေး၊ ရတနာတိုး၊ အန်တီဝင်း စသည့် ခရီးသည်တင်ကားသုံးစီး ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းပစ်ခတ်ခံရခြင်းကြောင့် ရွှေမန္တလေးခရီးသည်တင်ကား ယာဉ်မာင်းတွင် ပြင်းထန်ဒဏ်ရာရပြီး ရတနာတိုးခရီးသည်တင်ကားတွင်လိုက်ပါလာသည့် ခရီးသည်နှစ်ဦးတွင်လည်း သေနတ်ဒဏ်ရာရကြောင်း ၎င်းတို့ထံမှ သိရသည်။ အန်တီဝင်းကားတွင်မူ ခရီးသည် ထိခိုက်မူမရှိဘဲ ကားကို သေနတ် ဆယ်ချက်ခန့် ထိမှန်ကြောင်း ယင်းကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကားသမားတစ်ဦးကမူ “ရွှေမန္တလေးကားရဲ့ ဒရိုင်ဘာမှာတော့ နားထင်ရှပ်ပြီး ထိသွားပြီးတော့ ဆေးရုံတင်လိုက်တယ်။ အသက်အန္တရာယ်ကတော့ […]

တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က နယ်မြေရှင်းမည်ဟုဆိုကာ လမ်းကြောင်းပိတ်ဆို့

diz_admin

December 23, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာအနီးဝန်းကျင်နှင့် တောင်ပျောက်တိုက်နယ်တခွင်တို့ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်မည်ဟုဆိုကာ လမ်းကြောင်းများကို ယနေ့ (ဒီဇင်ဘာ ၂၃) စတင်ကာ ပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။ စော်ဖျားရွာမှ တောင်ပျောက်တိုက်နယ်သို့ သွားသည့်လမ်းကြောင်းမှာ ဂငယ်ပုံသဏ္ဏန် လမ်းကြောင်း နှစ်ခုရှိသည်။ လမ်းကြောင်းတစ်ခုမှာ သဲချောင်းကြီးရွာ အဝင်အထွက်လမ်းကြောင်းဖြစ်ပြီး နောက်လမ်းကြောင်းတစ်ခုမှာ စော်ဖျားရွာမှ အင်းပြား၊ ကထီးဝ၊ ပဒတ်ချောင်း၊ တောင်ဇင်း စသည့်တောင်ပျောက်သို့ သွားသည့် လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်း နှစ်ခုစလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “မနေ့တည်းက ကြေညာထားတယ် ထင်တယ်။ စစ်တပ်က တောထဲမှာနေတဲ့ ရွာသူရွာသားတွေ အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ပေးကြပါ။ ဒီတစ်ပတ်မှာ သူတို့ စစ်ကြောင်းထိုးလာချိန် ပြည်သူတွေကို PDF တွေနဲ့ မှားပြီး ရောပစ်မိမှာစိုးလို့ […]

ရာသီအဖွင့် စပါးဈေးကောင်း

diz_admin

December 23, 2021

ယခုနှစ် စပါးထွက်နှုန်းကျဆင်းခဲ့သော်လည်း ရာသီအဖွင့် စပါးဈေးကောင်းရနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် လက်ရှိစပါး‌ပေါ်ချိန် ပေါက်ဈေးမှာ ဆန်ကြမ်းအမျိုးအစား စပါးဆိုလျှင် တစ်တင်း ၆၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည် အမျိုးအစားဆိုလျှင် တစ်တင်း ၁၀၀၀၀ ကျပ် ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစား ဆိုလျှင် ၁၂၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း လယ်သမားအချို့နှင့် ဆန်စက်ပိုင်ရှင်အချို့က ပြောသည်။ ယ‌မန်နှစ်ကမူ ရာသီဖွင့်ချိန်မှ ဖေဖော်ဝါရီလအထိ စပါးဈေးကောင်းမရခဲ့ဘဲ ကမာကြည်အမျိုးအစား စပါးတစ်တင်းမှာ အမြင့်ဆုံး ကျပ် ၇၀၀၀ ဝန်းကျင်သာ ရရှိခဲ့ကြောင်း လယ်သမားအချို့က ပြောသည်။ “ဒီနှစ်က စပါးအထွက်နည်းလို့ ဈေးကောင်းရနေတာ” ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ လယ်သမား ဒေါ်မယ်ချိုက ပြောသည်။ ဓာတ်မြေဩဇာ‌အပါအဝင် လယ်ယာလုပ်ငန်း သွင်းအားစု ဈေးမြင့်တက်ခြင်း၊ မိုးနောက်ကျခြင်း၊ […]

ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါး အကူညီလို

diz_admin

December 23, 2021

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ရွာအနီးတွင် တိုက်ပွဲဖြစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေးလာရသည့် ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် စောင်၊ အနွေးထည်များ အကူညီလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါကျေးရွာအနီးရှိ ထားဝယ်ပြောက်ကျားတော်လှန်ရေးအဖွဲ့ (DGRF-PDF) တပ်စခန်းနှင့် ကျေးရွာအတွင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် များနှင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ကြသဖြင့် ခေါင်တိုင်ပြင်ရွာက ဒေသခံ သုံးရာနီးပါး ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်များသည် DGRF-PDF စခန်းနှင့် ခေါင်တိုင်ပြင်ရွာတွင် တပ်စွဲထားသဖြင့် စစ်ရှောင်များ နေရပ်ပြန်မရဘဲဖြစ်သည်ဟု […]

မီးသင်္ဂြိုဟ်ရာတွင် သရဏဂုံတင်ခွင့်အပါအဝင် ကန့်သတ်ချက်အချို့ကို ပြန်ခွင့်ပြု

diz_admin

December 22, 2021

ထားဝယ်မြို့သုသာန်တွင် ကိုဗစ်ကပ်ဘေးကြောင့် မီးသင်္ဂြိုဟ်ရာ၌ သတ်မှတ်ထားသည့် ကန့်သတ်ချက် အချို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ဖြေလျှော့လိုက်ကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။ ထို့ကြောင့် ၉၆ ပါး ရောဂါဖြင့် သေဆုံးသည့် ရုပ်အလောင်းအား အိတ်ထဲထည့်ရန် မလိုဘဲ နှစ်လောင်းတွဲ မီးရှို့ခြင်း၊ ဘာသာရေး လူမှုရေး လိုအပ်ချက်အရ တစ်လောင်းထဲ မီးရှို့ပြီး အရိုးကောက်ခွင့်ပြုခြင်းနှင့် သုသာန်တွင် သရဏဂုံတင်ခြင်းတို့ကို ပြန်လည်ခွင့်ပြုနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေး တတိယလှိုင်းကာလ၌ သေဆုံးသူများပြားသည့်အတွက် မီးသင်္ဂြိုဟ်ရာတွင် စည်းကမ်း ကန့်သတ်ချက်အချို့အား ဇူလိုင်လတွင် စတင်သတ်မှတ်ထားခဲ့သည်။ ယင်းအချိန်က ကိုဗစ် သို့မဟုတ် ၉၆ ပါး ရောဂါဖြင့် သေဆုံးအလောင်းများကို သေတ္တာပုံးဖြင့် ထည့်ခွင့် မပြုဘဲ အိတ်ဖြင့်ထည့်ပြီး မီးသင်္ဂြိုဟ်ရန်၊ […]

တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက် ကန်ဒေါ်လာသန်းလေးရာကျော် လျော့ကျ

diz_admin

December 22, 2021

တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သန်းလေးရာကျော် လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၀ သန်းကျော် ရှိသည်။ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ဒေါ်လာ ၁၉၉၉ သန်းနီးပါးသာရှိသည့်အတွက် သန်း ၄၀၀ ကျော် လျော့ကျသွားခြင်းဖြစ်သည်။ လက်ရှိတွင် ပြင်ပဒေါ်လာငွေနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ် ဝန်းကျင်ရှိပြီး ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ၁၈၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအရ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပို့ကုန်ရော သွင်းကုန်ပမာဏပါ ကျဆင်းသွားခြင်းဖြစ်သည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းဂယက်ကြောင့် ပြည်တွင်းစားသုံးသူများ ငွေကြေးသုံးစွဲ နိုင်စွမ်းနည်းပါးလာခြင်းကြောင့် သွင်းကုန်လည်း ကျဆင်းလာကြောင်း […]

လောင်းလုံး တောင်မင်းပြောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

December 21, 2021

လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာတွင် အသက် ၆၀ ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး ဒီဇင်ဘာ ၂၀ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသားမှာ ရေဖြူမြို့နယ် ကလုံထာရွာက ဦးသိန်းဝင်းဆိုသူဖြစ်ပြီး တောင်မင်းပြောင်ရွာတွင် လာရောက် ခိုလှုံနေသူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ဦးသိန်းဝင်းကို ဆိုင်ကယ်စီးလူငယ်နှစ်ဦးက တောင်မင်းပြောင်ရွာအဝင်ဝ၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၆နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း တောင်မင်းပြောင်ရွာသားတစ်ဦးနှင့် မြို့ဟောင်းရွာမှ လူငယ်အမျိုးသမီးတစ်ဦးတို့က ပြောသည်။ “ကျွန်မတို့ မြို့ဟောင်းကနေသွားရင် တောင်မင်းပြောင်ရွာ အဝင်ဝပေါ့နော်။ အဲဒီနားမှာ ဆည်းဆာဆိုတဲ့ အရက်ဆိုင်ရှိတယ်။ (ဦးသိန်းဝင်းက) အဲဒီအရက်ဆိုင်နားက ထွက်လာပြီး အပစ်ခံရတယ် ပြောတယ်” ဟု မြို့ဟောင်းရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ တောင်မင်းပြောင်နှင့် မြို့ဟောင်းရွာတို့မှာ […]