လောင်းလုံးမြို့အဝင်တွင် ဂိတ်သုံးခုချကာ စစ်ဆေးရေးတင်းကြပ်
diz_admin
December 30, 2021ထားဝယ်ခရိုင် လောင်းလုံးမြို့အဝင်ဝနေရာသုံးခုတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတင်းကြပ်နေကြောင်း ခရီးသည်အချို့ထံမှ စုံစမ်းသိရှိရသည်။ ထားဝယ်ဘက်မှ လာမည်ဆိုပါက လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်ဘုတ်အနီး၊ လောင်းလုံးမှ ပြင်ထိန်သွားလမ်း အဝင်ဝဖြစ်သည့် အောင်ချမ်းသာစေတီအနီး၊ လောင်းလုံးမှ ညင်းမော်သွားလမ်း မိုးလေဝသဆိုင်ဘုတ်အနီး စသည့်နေရာသုံးခုတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်စစ်ဆေးနေခြင်းဖြစ်ကြောင်း ယင်းလမ်းပိုင်းသို့ သွားခဲ့သည့် ခရီးသည်အချို့က ပြောသည်။ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းမှစပြီး ဂိတ်ချစစ်ဆေးတင်းကြပ်လာခြင်းဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ မှတ်ပုံတင်မူရင်း (သို့မဟုတ်) အုပ်ချုပ်ရေးမှူးထောက်ခံချက်တို့ကို အဓိကစစ်ဆေးကြောင်း စစ်ဆေးခံရသူအချို့က ပြောသည်။ “စစ်တာက တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ ဒီနေရာမှာ ကိုဗစ်လက်မှတ်ပဲစစ်ပြီးရင်း အခြားနေရာကျတော့ လိုင်စင်စစ်တယ်။ ကိုယ့်မှာ အပြည့်အစုံပါနေမှ ဖြတ်တာကောင်းတယ်။ ယောက်ကျားလေးတွေဆိုရင် ပိုစစ်တယ်၊ ဆိုင်ကယ်မောင်းတဲ့သူ ပိုစစ်တယ်။ အနောက်က […]