BREAKING
March 17, 2025

ထားဝယ်

အာဏာသိမ်းမှုဆန့်ကျင်သူ ကိုထွန်းဦး ထောင် ၁၉နှစ်ချခံရ၊ တိုင်းအတွင်း ပြစ်ဒဏ်အကြီးဆုံးချခံရသူဖြစ်လာ

diz_admin

January 6, 2022

ထားဝယ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၉နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ လေးခုကျန်နေ သေးကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်သည်။ ထားဝယ်အကျဉ်းထောင် အထူးတရားရုံး၌ ဒီဇင်ဘာ ၃၀ ရက်တွင် ကိုထွန်းဦးကို အမှု ငါးခုအတွက် ယင်းသို့ ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ပြီး ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ လေးခုကျန်သေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တနင်္သာရီတိုင်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခံရသူမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၂၂ ဦးရှိသည်။ ယင်းအနက် ထောင်ဒဏ်အမြင့်ဆုံး ၁၁ နှစ်ချမှတ်ခံရသူ ငါးဦးရှိသည်။ ၎င်းတို့မှာ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးမြင့်မောင်၊ ထားဝယ်မြို့က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အသက် ၁၉နှစ်အရွယ် […]

တနင်္သာရီတိုင်းတွင် အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ရဲဗလတံဆိပ်ပေး

diz_admin

January 5, 2022

တနင်္သာရီတိုင်းအတွင်း အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ဥက္ကဋ္ဌက ရဲဗလတံဆိပ်ချီးမြှင့်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် မြို့နယ်ထွေအုပ်စာရေး ၁၂ ဦးတို့ကို လွတ်လပ်ရေးနေ့တွင် ဆုပေးခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ကိုးဦးနှင့် မြို့နယ်ထွေအုပ်စာရေး တစ်ဦးတို့မှာ အသတ်ခံခဲ့ရပြီး ကျန်သည့် အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ အသတ်ခံရခြင်း ရှိမရှိကိုမူ Dawei Watch က အတည်မပြုနိုင်သေးပေ။ အဆိုပါ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှာ ဒလန်ဟု သတ်မှတ်ခံရသူ အများစုဖြစ်သည်။ ရဲဗလတံဆိပ်ပေးရာတွင် ပါဝင်သည့် ဒေါ်စန်းစန်းဝေမှာ ဘုမ္မော်ရပ်ကွက် စာရေး (ထားဝယ်မြို့နယ်ထွေအုပ် ဝန်ထမ်း) ဖြစ်ပြီး ထားဝယ်မြို့ ရွှေတောင်စားလမ်းတွင် ဆိုင်ကယ်စီးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးခဲ့သည်။ ရဲဗလတံဆိပ်ရသူများပါဝင်သည့် […]

ကျပ်သိန်း ၅ဝအထိ ငွေချေးနိုင်မည်ဆိုသည့် မူမမှန်သူများ ထားဝယ်ကို ပစ်မှတ်ထားလာ

diz_admin

January 5, 2022

အပေါင်ပစ္စည်းမလိုဘဲ ငွေကျပ်သိန်းငါးဆယ်အထိ ငွေချေးနိုင်မည်ဟုဆိုကာ မူမမှန်သည့် ငွေချေးသူများ Facebook မှတစ်ဆင့် ထားဝယ်ဒေသနေ ပြည်သူများကို ပစ်မှတ်ထားလာသည်။ ဒေသတွင်းနေသူများ ရင်ဖွင့်ပြောဆိုနိုင်စေရန် တည်ထောင်ထားသည့် Facebook Group များတွင် ငွေချေးမည်ဆိုသူများက ချေးငွေ အလွယ်တကူ လျှောက်ထားနိုင်ကြောင်း စည်းရုံးသည့်အကြောင်းအရာ post များကို ယခုရက်ပိုင်းအတွင်း တင်နေသည်ကို တွေ့ရသည်။ ‘ဆရာ ခန့်’ အမည်ဖြင့် Facebook အကောင့်ဖွင့်ထားသူက လိုက်လံစည်းရုံးနေခြင်းဖြစ်သည်။ ချေးငွေလျှောက်လိုလျှင် အိမ်ထောင်စုမူရင်း၊ မှတ်ပုံတင်မူရင်း၊ ချေးမည့်သူ၏ ဓာတ်ပုံနှစ်ပုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ ဖြည့်ပေးရုံဖြင့် ချေးငွေရရှိမည့်အကြောင်း စည်းရုံးနေသည်။ Dawei Watch ၏ စုံစမ်းချက်အရ ချေးငွေလျှောက်ရန်အတွက် ဖောင်တင်ကြေး (လျှောက်လွှာကြေး) တစ်သောင်းနှစ်ထောင်ကျပ်ကို အရင်လွှဲပေးရမည်ဟု ချေးငွေပေးမည်ဆိုသူက ပြောဆိုခဲ့သည်။ အဆိုပါလျှောက်လွှာကြေးအား ဘဏ် […]

စော်ဖျားတွင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

January 4, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီ ၄) နေ့လယ်ပိုင်းက အသတ်ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ အသက် ၄၅ နှစ်ခန့်ရှိ ဦးဘိတ် (ခေါ်) ဦးဝင်းချိုမှာ စော်ဖျားရွာတောင်ဘက်ရှိ ကျောက်လှေကားရွာကို သွားစဉ် လမ်းပိုင်းတစ်နေရာတွင် အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး တောတွင်းတစ်နေရာတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားမှာ လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသတ်ခံရသူ အမျိုးသားမှာ ဒလန်ဟု အထက်ပါရွာသားက ပြောဆိုသလို အခြား ရွာခံအမျိုးသမီး နှစ်ဦးကလည်း အသတ်ခံရသူမှာ ဒလန်ဟု ကျော်ဇောသူဖြစ်ကြောင်း ပြောဆိုသည်။ စော်ဖျားရွာက အခြားဒေသခံရွာသားတစ်ဦးကမူ သေဆုံးသူအမျိုးသားမှာ အရန်မီးသတ်တပ်ဖွဲ့တွင် တပ်ကြပ်အဆင့်ဖြင့် ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပျူစောထီးအဖွဲ့နှင့်လည်း လုံးဝ မသက်ဆိုင်ကြောင်း […]

တနင်္သာရီတိုင်း NLD ထိပ်ပိုင်းခေါင်းဆောင် ဦးအေးနိုင် တိမ်းရှောင်နေစဉ် ကွယ်လွန်

diz_admin

January 3, 2022

တနင်္သာရီတိုင်း NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးနိုင် တိမ်းရှောင်နေရစဉ် တောထဲတွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးအေးနိုင်သည် တောထဲတစ်နေရာတွင် တိမ်းရှောင်နေစဉ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ရုတ်တရက် သွေးတိုးပြီး ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ရုတ်တရက် သွေးတိုးတက်ချိန်တွင် ကျန်းမာရေးဝန်ထမ်းကို ခေါ်ယူခဲ့သေးသော်လည်း ညဦးပိုင်းအချိန် ဖြစ်သောကြောင့် သွားလာရေး ခက်ခဲသဖြင့် အချိန်ကုသခွင့် မရခဲ့ကြောင်း ၎င်းမိသားစုဝင်က ဆိုသည်။ ဦးအေးနိုင်၏ ရုပ်အလောင်းအား ၎င်း၏ဇာတိရွာဖြစ်သည့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် (ယနေ့ ဇန်နဝါရီ ၃) ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဦးအေးနိုင်သည် တနင်္သာရီတိုင်း NLD ပါတီအလုပ်အမူဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ စည်းကမ်း […]

ထားဝယ်တွင် ၁၂ရက်အတွင်း ၂၅ဦး ပြစ်ဒဏ်ချခံရ၊ အာဏာသိမ်းမှုဆန့်ကျင်၍ ပြစ်ဒဏ်ချခံရသူ ၁၂၀ ကျော်ရှိပြီ

diz_admin

January 2, 2022

ထားဝယ်ထောင်တွင် ၁၂ ရက်အတွင်း ပြစ်ဒဏ်ချခံရသူ ၂၅ ဦးအထိရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ပြစ်ဒဏ်ချခံရသည့် အမျိုးသား ၁၂၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က (DPPN) က ထုတ်ပြန်ထားသည်။ စစ်အာဏာသိမ်းချိန်မှ စတင်ကာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် အမိန့်ချခံရသည့် အမျိုးသားသီးသန့် စာရင်းဖြစ်ကြောင်း DPPN တာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာလ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်းတွင်မူ ထောင်ဒဏ်ချခံရသူ ၂၅ ဦးရှိကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။ “အမိန့်ချခံရသူစာရင်းက ဒီထက်ပိုရင်လည်း ပိုနိုင်မှာပါ။ ဖမ်းဆီးခံရသူ စာရင်းကတော့ (အပြည့်အစုံ) ရဖို့ ခက်ခဲတယ်။ အခု အမိန့်ချခံရပြီးသူ စာရင်းတောင် ကျွတော်ပြန်လွတ်လာမှ လုပ်ရတာ” ဟု […]

တိုင်းအတွင်း CDM ဆရာ၊ ဆရာမ ခုနှစ်ထောင်ကျော်နေရာတွင် တစ်ရာကျော်သာပြန်ခန့်နိုင်သေး

diz_admin

January 2, 2022

တနင်္သာရီတိုင်းတွင် CDM ပြုလုပ်သည့် အခြေခံ ဆရာ၊ ဆရာမ ခုနှစ်ထောင်ကျော်၏ လစ်လပ်နေရာတွင် ဆရာ၊ ဆရာမအသစ် တစ်ရာကျော်သာ စစ်ကောင်စီက ပြန်ခန့်နိုင်သေးကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ တိုင်းအတွင်း အခြေခံပညာ ဆရာ၊ ဆရာမ ၁၅၀၀၀ ကျော်ရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ဆရာ၊ ဆရာမ ၇၀၀၀ ကျော်မှာ CDM လုပ်ကြကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ CDM ပြုလုပ်သည့် ဆရာ၊ ဆရာမများ၏ လစ်လပ်နေရာကို အစားထိုးခန့်အပ်နိုင်ရန်အတွက် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာက ဆရာ၊ ဆရာမအသစ်များကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး လျှောက်လွှာခေါ်ယူခဲ့သည်။ ယင်းသို့ခေါ်ယူရာတွင် တိုင်းအတွင်း လျှောက်ထားသူ ၅၀၀ ကျော်ရှိကြောင်း အထက်ပါဌာနထံက သိရသည်။ […]

လောင်းလုံးတွင် အမျိုးသားတစ်ဦး လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေး၊ ဇနီးသည်အပါအဝင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

diz_admin

December 30, 2021

လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာတွင် ဒီဇင်ဘာလ ၂၉ ရက်ညက အမျိုးသားတစ်ဦး လက်ထိပ် တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၎င်း၏ဇနီးသည်အပါအဝင် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ဆယ်ကျော်ဝန်းသည် ကမြောကြီးကျေးရွာတောင်ပိုင်းရှိ ဦးဌေးဝင်းနေအိမ်နှင့် ကိုအာကာဖြိုးနေအိမ်တို့ကို ဝင်ရောက်ရှာဖွေရာ ဦးဌေးဝင်းကို မဖမ်းမိဘဲ ကိုအာကာဖြိုးကိုသာ ဖမ်းမိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သို့သော် ကိုအာကာဖြိုးကို ဖမ်းဆီးထားစဉ် လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ဆိုသည်။ ထိုနောက် ဒီဇင်ဘာလ ၃၀ ရက် နံနက်တွင် ဦးဌေးဝင်း၏ဇနီး မညိုပြာနှင့် ကိုအာကာဖြိုး၏ ဇနီးဖြစ်သူ မစုမြတ်မွန်တို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါအမျိုးသားက ပြောသည်။ “သေနတ် […]