BREAKING
March 17, 2025

ထားဝယ်

ထိုင်းရောက် မြန်မာလုပ်သားများကို CI လက်မှတ် သက်တမ်းစတိုးပေး

diz_admin

January 14, 2022

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သက်သေခံလက်မှတ် Certificate of Identity အား ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်ကာ သက်တမ်း တိုးပေးနေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ခုနှစ်က သက်တမ်းလေးနှစ်ရှိ CI လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် အဆိုပါ CI လက်မှတ်များမှာ သက်တမ်းကုန်ဆုံးခါနီးပြီဖြစ်သည့်အတွက် ထိုင်းနိုင်ငံရှိ ခရိုင် ငါးခုတွင် ရုံးဖွင့်လှစ်ပြီး သက်တမ်းတိုးပေးနေခြင်းဖြစ်ကြောင်း သံအရာရှိရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်းခရိုင်များတွင် ဖွင့်လှစ်ထားပြီး ယခုနှစ် ဇူလိုင်လအထိ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။ CI လက်မှတ် သက်တမ်းတိုးရာတွင် စာအုပ်ဖိုး […]

ရော်ဘာ‌အစေးရည် ဈေးပြန်တက်

diz_admin

January 14, 2022

Dawei Watch၊ ထားဝယ်၊ ဇန်နဝါရီ ၁၄ ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသည့်အတွက် ထားဝယ်ဒေသ၏ ရော်ဘာအစေးရည်ဈေးလည်း မြင့်တက် နေကြောင်း ရော်ဘာအစေးရည် ဝယ်ယူနေသည့် ကုမ္ပဏီအချို့ထံမှ သိရသည်။ ၂၀၂၁ နှစ်ကုန်က ရော်ဘာအစေးရည် (Dry Rubber Content) တစ်ပေါင်လျှင် ငွေကျပ် ၉၀၀ ဝန်းကျင် သာရှိရာမှ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ ကျပ် တစ်ထောင်ကျော်အထိ ဈေးတက်လာ သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တစ်ပေါင်လျှင် ၁၀၂၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံရှိသကဲ့သို့ ၁၀၅၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံလည်းရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်မြို့နယ်ရှိ ရော်ဘာအစေးဝယ်နေသည့် ထားဝယ်နဂါးကုမ္ပဏီနှင့် ထားဝယ်ရွှေပြည် အဆင့်မြင့် မှိုင်းခံစက်ရုံ တာဝန်ရှိသူများကလည်း ဒေါ်လာငွေလဲနှုန်းမြင့်နေခြင်းကြောင့် […]

ကံပေါက်ဒေသခံများ ရွာထဲ ဝင်ထွက်ခွင့်မရဘဲ သုံးနာရီကျော် ပိတ်မိ

diz_admin

January 13, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံများ ရွာထဲဝင်ထွက်ခွင့် မရဘဲ သုံးနာရီကျော်ကြာ ပိတ်မိသွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၃) မွန်းလွဲ သုံးနာရီခန့်တွင် မောရဝတီရေတပ်စခန်း တည်ရှိရာဘက်သို့ ရဟတ်ယာဉ်နှစ်စီး ဖြတ်ပျံသွားချိန်ကစပြီး ကံပေါက်ဒေသအတွင်းလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ထားဝယ်မြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ရောက်လာရှိနေသည်။ ထို့ကြောင့် မြို့ထဲတွင်လည်း စစ်ဆေးတင်းကြပ်ခဲ့သည်။ ကံပေါက်ဒေသသို့ အဓိကဝင်ပေါက်ဖြစ်သည့် သစ်တောရုံးလမ်းဆုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် ပိတ်ဆို့ကာ ဝင်ထွက်ခွင့် ပိတ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ညနေ ၆ နာရီတွင် မောရဝတီရေတပ်စခန်းဘက်မှ ရဟတ်ယာဉ်တစ်စီးထွက်ခွာသွားပြီးနောက် ပိတ်ဆို့ထားသည့်လမ်းကိုလည်း ပြန်ဖွင့်ပေးကြောင်း ပိတ်ထားသည့်နေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ “ရွာထဲဝင်မရဘဲ သုံးနာရီလောက် ပိတ်မိသွားတာပေါ့။ ဘာဖြစ်လို့ […]

လောင်းလုံးရှိ ကြက်ဝိုင်းဒိုင် သေနတ်ပစ်ခံရ

diz_admin

January 13, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသားဖြစ်သူ အသက် ၅၀ ဝန်းကျင် ရှိ ဦးသန်းထိုက်ဆိုသူ ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် သေနတ် အပစ်ခံရသဖြင့်ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ တောကျဲကျေးရွာ နတ်ပွဲတွင်ပြုလုပ်သည့် ကြက်ဝိုင်းတွင် ဒိုင်အဖြစ် လုပ်ဆောင်ပေးနေစဉ် နေ့လယ် တစ်နာရီခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကြက်ဝိုင်းသို့ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ တောကျဲကျေးရွာအုပ်စုနှင့် သကျက်တောကျေးရွာအုပ်စုမှာ ရွာချင်းကပ်ဖြစ်ပြီး လောင်းလုံး ရှင်မော်သွားလမ်းပေါ်တွင် ရှိသည်။ “ဒဏ်ရာကတော့ ခေါင်းမှာထိသွားတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အရေးပေါ်ကားနဲ့ ခေါ်သွားတုန်းက သတိရနေတယ်။ လူမှန်းသိနေသေးတယ်” ဟု ၎င်းက ပြောကြားသည်။ အချို့ဒေသခံတို့က သေနတ်ပစ်ခံရသည့် ဦးသန်းထိုက်မှာ သကျက်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောဆိုကြပြီး ဒေသခံအချို့ကမူ အုပ်ချုပ်ရေးအဖွဲ့ဝင်မဟုတ်ဘဲ […]

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်သည့်နေ့ ထားဝယ်တွင် ဆန္ဒပြ

diz_admin

January 13, 2022

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်မြို့သို့ နေ့ချင်းပြန် ခရီးရောက်ရှိနေသည့် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂနဲ့ လူငယ်အချို့က ဆန္ဒပြခဲ့ကြသည်။ ဒီမိုကရေစီအရေးနှင့် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီကျော်၌ ထားဝယ်မြို့သို့ ရောက်ရှိနေပြီး မန်းငြိမ်းမောင်အပါအဝင် ကောင်စီဝင်ဝန်ကြီး အချို့လည်း လိုက်ပါလာကြောင်း သိရသည်။ လက်ရှိ နံနက် ၁၁ နာရီဝန်းကျင်တွင် တိုင်းအစိုးရအဖွဲ့ရုံး၌ စစ်ကောင်စီ ခန့်တိုင်းအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံနေကြောင်း ဌာနဝန်ထမ်းအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းသို့ မည်သည့်ကိစ္စဖြင့် လာရောက်သည်ကိုမူ အတိအကျမသိရပေ။

ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကတ်များ ဈေးမတက်သေး

diz_admin

January 12, 2022

အင်တာနက် အသုံးပြုမှုအတွက် စစ်ကောင်စီက အခွန်တိုးကောက်နေပြီဖြစ်သော်လည်း ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဆင်းကတ်များ ဈေး မတက်သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဖုန်းဆင်းကတ် တစ်ခုလျှင် ကျပ်နှစ်သောင်း ကောက်ခံမည်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို ၁၅ ရာခိုင်နှုန်း အခွန်ကောက်မည့် သုံးလခံ ဥပဒေတစ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြဋ္ဌာန်းထားသည်။ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့သော်လည်း ထားဝယ်ဈေးကွက်တွင် ဖုန်းဆင်းကတ် တစ်ကတ်ကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဖြင့် ယခင် ဈေးနှုန်းများအတိုင်းသာ ရောင်းချပေးနေဆဲဖြစ်ကြောင်း ထားဝယ်မြို့အတွင်းက ဖုန်းဆိုင်ပိုင်ရှင် အချို့က ပြောသည်။ သို့သော် မှတ်ပုံ မတင်ရသေးသည့် ဖုန်းဆင်းကဒ်များဆိုလျှင် ဆော့ဝဲလ်ထဲဝင်ကာ မှတ်ပုံတင် မရဖြစ်နေသဖြင့် ဆင်းကဒ် လက်ဆောင်ပေး၍ မရဘဲဖြစ်နေကြောင်း ထားဝယ်မြို့၊ […]

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးပေးမည့်သူများကို စာရင်းကောက်

diz_admin

January 11, 2022

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းအားဖြည့် Booster ဆေး ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ထံက သိရသည်။ အစိုးရဌာနများတွင် အသက် ၅၀ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် အရပ်သားပြည်သူတွင် အသက် ၆၅ နှစ် အထက် သက်ကြီးများကို တတိယအကြိမ် ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်ထိုးထားပြီး ၆ လ ပြည့်သောသူများကိုသာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခြောက်လပြည့်ပြီးသူ ကျန်းမာရေးဝန်ထမ်း အများစုကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးပေးနေပြီး ကျန်းမာရေးဝန်ထမ်းအများစုက ကာကွယ်ဆေး သုံးကြိမ်စလုံး […]

လောင်းလုံး ကျောက်ဆင် အုပ်ချုပ်ရေးမှူး ကြက်ဝိုင်းတွင် သေနတ်ပစ်ခံရ

diz_admin

January 11, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလေးလေးသည် ဇန်နဝါရီလ ၁၁ ရက် ညနေ သုံးနာရီခန့်က ကမ်းပနီရွာ ဘောလုံးကွင်း ကြက်ဝိုင်းအနီးတွင် သေနတ်ဖြင့် အပစ်ခံလိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ကမ်းပနီကျေးရွာမှာ ကျောက်ဆင်ကျေးရွာ အုပ်စုအတွင်း တည်ရှိပြီး မောင်းမကန်-မျှော်ရစ်သွား ကားလမ်းမပေါ်တွင် တည်ရှိသည်။ ကမ်းပနီရွာ ဘောလုံးကွင်း ကြက်ဝိုင်းတွင် လောင်းကစား လုပ်နေသူ ခြောက်ဆယ်ခန့် ရှိပြီး ဦးလေးလေးနှင့် အဖွဲ့ဝင်များ ရောက်ရှိနေစဉ် ညနေ သုံးနာရီ ခန့်တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကိုယ်တွေ့ ကြုံရသူ ဒေသခံ တစ်ဦးက ဆိုသည်။   “ပထမ သေနတ်သံတစ်ချက်ကြားတာနဲ့ ကျွန်တော်တို့လည်း သစ်ပင်ကွယ်ရာ ပြေးဝပ်ရတာပေါ့။ နောက်မှ အပြန်အလှန် ပစ်ခတ်ကြတယ်။ […]