မောင်းမကန်တွင် လောင်းကစားဝိုင်းအနီး ဗုံးကွဲ
diz_admin
February 6, 2022လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအနီးရှိ ရော်ဘာတောတွင် ယနေ့ (ဖေဖော်ဝါရီ ၆) နေ့လယ်ပိုင်းက ပြုလုပ်နေသည့် လောင်းကစားဝိုင်းအနီး ဗုံးပေါက်ကွဲကြောင်း မျက်မြင်တွေ့ရှိသူအချို့ထံမှ သိရသည်။ မောင်းမကန် – ကျောက်ဆင်လမ်းပိုင်း တစ်နေရာဖြစ်သည့် မောင်းမကန်ကွက်သစ် ရပ်ကွက်ရှိ ရော်ဘာ တောထဲတွင် လောင်းကစားဝိုင်း လုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းပတ်ဝန်းကျင်တွင် လူနေအိမ်အချို့လည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ ယင်းလောင်းကစားဝိုင်းအနီးရှိ အိမ်သာတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်ခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။ “ဗုံးက အိမ်သာထဲမှာ ပေါက်ကွဲတာ။ လူထိခိုက်မှု မရှိရအောင်လားတော့ မသိဘူး။ အိမ်သာတံခါးကိုလည်း အပြင်ကနေ ရိုက်ပိတ်ထားတယ်” ဟု ယင်းဒေသခံက ပြောသည်။ အဆိုပါဖောက်ခွဲမှုကို လောင်းကစားဝိုင်းအား သတိပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PDF အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် […]