တက္ကသိုလ်ကျောင်းသူနှစ်ဦး ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရ
diz_admin
February 17, 2022တက္ကသိုလ်ကျောင်းသူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတပ် ဖမ်းဆီးတရားစွဲကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ကြောင်း ၎င်းတို့နှင့် ဆွေမျိုးနီးစပ်သူ အချို့ထံမှ သိရသည်။ ၎င်းတို့မှာ ထားဝယ်တက္ကသိုလ်က အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသူ အသက် ၁၉ နှစ်အရွယ်ရှိ မအိခြူးခြူးမော်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ပထမနှစ်ကျောင်းသူ အသက် ၂၀ အရွယ်ရှိ မလင်းလက်ကြည်တို့ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က နေအိမ်အသီးသီးသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီး သွားပြီး မေတ္တာရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း ဆွေမျိုးနီးစပ်သူအချို့ထံမှ သိရသည်။ ယင်းနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံး၌ ရုံးထုတ်ပြီး ထားဝယ် အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း […]