BREAKING
January 20, 2025

ထားဝယ်

အင်းဇောက် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်၊ ပစ်ခတ်မှုဆက်ဖြစ်ပြီး ပျူစောထီး သုံးဦးသေဟု PDF ထုတ်ပြန်

diz_admin

December 10, 2021

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ယင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ် ဗုံးဖောက်ခွဲခံရပြီးနောက် နှစ်ဖက် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနေ့ည ၁၁ နာရီဝန်းကျင်တွင် အင်းဇောက်ရွာ ပြည်လုံးချမ်းသာဘုရားမုခ်ဦးအနီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်နုသိန်း နေအိမ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနောက် ပျူစောထီးအဖွဲ့ဝင် ခုနှစ်ဦးခန့်ကားဖြင့် ရောက်လာပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် မိနစ်သုံးဆယ်ခန့်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပထမ ပေါက်ကွဲသံက အကျယ်ကြီးကြားတယ်။ နောက်မှ သေနတ်သံတွေ ဆက်တိုက် ဆက်တိုက်ပဲ ကြားရတာ” ဟု ယင်းဒေသခံက ဆိုသည်။ နေအိမ် ဗုံးပေါက်မှုကြောင့် ဒေါ်နုသိန်း၏ မိသားစုဝင်အချို့ ထိခိုက်ပွန်းပဲ့ဒဏ်ရာအနည်းငယ် […]

အိမ်ထဲတွင် အိပ်နေသည့် အမျိုးသမီး သေနတ်ပစ်ခံရ

diz_admin

December 10, 2021

ရေဖြူမြို့နယ် တောင်ပရကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နေအိမ်ထဲတွင် အိပ်နေသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု တောင်ပရကျေးရွာသို့ ဒီဇင်ဘာလ ၉ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး သေနတ်ပစ်ခတ်သဖြင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ကျင်ထွေးတွင် တင်ပါးကျည်ထိမှန်ကြောင်း ၎င်းက ဆိုသည်။ “သူက တံခါးပေါက်နားမှာ အိပ်တော့ ကျည်ဆံက တံခါးကို ဖောက်ဝင်ပြီး သွားထိတာဖြစ်မယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ ဒေါ်ကျင်ထွေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညတွင်းချင်း စစ်တပ်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု မိသားစုအချို့ထံမှ သိရကြောင်း ၎င်းက ပြောဆိုသည်။ သေနတ်ဒဏ်ရာမှာ ရှပ်ထိခြင်းဖြစ်သောကြောင့် အသက်အန္တာရာယ် မစိုးရိမ်ရကြောင်းလည်း […]

GGS ကုမ္ပဏီအကြွေးကျန်ကိစ္စ ပြည်ထောင်စုဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးကို အဂတိဖြင့်အမှုဖွင့်

diz_admin

December 9, 2021

ထားဝယ်ခရိုင်အား လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် GGS ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန် ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးတို့ကို အဂတိမှုဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်သည်။ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်းများဖြစ်သည့် ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ ရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ဦးဝင်းခိုင်နှင့် ဒေါက်တာထွန်းနိုင်တို့သည် Global Grand Service (GGS) ကုမ္ပဏီအတွက် သဘာဝ ဓာတ် ငွေ့ဖိုး ငွေကျပ် ခြောက်ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြသည်။ […]

လောင်းလုံး ကညုံကျွန်းရွာသား ၁၀ ဦးထက်မနည်း အဖမ်းခံရ

diz_admin

December 9, 2021

လောင်းလုံးမြို့နယ် ကညုံကျွန်းရွာ စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖမ်းဆီးသဖြင့် ရွာသားအနည်းဆုံး ၁၀ ဦး အဖမ်းခံထားရပြီး ဆက်လက်ရှာဖွေ ဖမ်းဆီးနေဆဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ကညုံကျွန်းကျေးရွာသို့ ယနေ့ (ဒီဇင်ဘာ ၉) နံနက်ပိုင်းတွင် ကားဖြင့် စစ်ကောင်စီတပ်သား အမြောက်အများ ဝင်ရောက်လာပြီး ရွာထဲတွင် လိုက်လံစစ်ဆေး ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “မျက်စိရှေ့မှာတင် ဖမ်းသွားတာ ဆယ်ယောက်လောက်ရှိတယ်။ မြေသယ်ကားနဲ့ တင်သွားကြတာ။ ရွာထဲက အခြားသူတွေလည်း အဖမ်းခံရသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ နံနက် ၁၀ နာရီအထိ ကညုံကျွန်းရွာထဲတွင် စစ်ဆေးနေဆဲဖြစ်သောကြောင့် နောက်ထပ် အဖမ်းခံရသူများ ထပ်ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ကညုံကျွန်းရွာ သုသာန်အနီးရှိ ဓနိတောထဲတွင်လည်း ဝင်ရောက်ရှာဖွေနေသဖြင့် […]

လောင်းလုံးမြို့နယ် တရားရုံး ဗုံးပေါက်

diz_admin

December 8, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တရားရုံး၌ ယနေ့ (ဒီဇင်ဘာ ၈) ည ၇ နာရီကျော်တွင် ဗုံးပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် တရားရုံးအနီးရှိ နေအိမ်အချို့ ဗုံးစထိမှန်သည်ဟု ကနဦးသိရှိပြီး လူနှင့် တရားရုံးအတွင်း ထိခိုက်ပျက်စီးမှု ရှိမရှိကိုမူ Dawei Watch က ဆက်လက် စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။ ယင်းတရားရုံးသည် (ဃ) ရပ်ကွက်တွင် တည်ရှိပြီး မြို့မအားကစားကွင်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။ စက်တင်ဘာလကလည်း ယင်းတရားရုံး အဝင်လမ်းထိပ်ရှိ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံခဲ့ရဖူးသည်။

ကမြောကင်းတံတားဂိတ်တွင် ကိုဗစ်ဆေးလက်မှတ်စစ်၊ ဆေးမထိုးဖူးသူများကို မဖြစ်မနေထိုးခိုင်း

diz_admin

December 8, 2021

လောင်းလုံးမြို့နယ် ကမြောကင်းတံတားမြို့ဝင် စစ်‌ဆေးရေးဂိတ်တွင် ယနေ့နံနက်မှ စတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါမပါ စစ်ဆေးနေပြီး ဆေးမထိုးဖူးသူများကို ယင်းဂိတ်တွင် ဆေးထိုးခိုင်းကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူအချို့ကို မေးမြန်းချက်အရ သိရသည်။ ဆေးထိုးပြီးကြောင်း လက်မှတ် ပါမပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး လက်မှတ်ပါရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုကာ လက်မှတ် မပါသူများကို ဂိတ်ဘေးတွင် ဖွင့်လှစ်ထားသည့် ယာယီဆေးခန်းတွင် ဆေးထိုးခိုင်းကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဆေးထိုးပြီးကြောင်း လက်မှတ် စစ်တယ်။ လက်မှတ် မပါရင် မထိုးမနေရ ထိုးရတယ်” ဟု လောင်းလုံး မြို့နယ်က ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဆေးထိုးပြီးသူများ လက်မှတ် မပါလာဟုဆိုလျှင် နေအိမ်သို့ ပြန်စေပြီး လက်မှတ်ပြန်ယူခိုင်းကြောင်း ၎င်းက ဆိုသည်။ ကာကွယ်ဆေး လုံးဝ မထိုးရသေးသူများနှင့် ပထမအကြိမ်ထိုးပြီး ဒုတိယအကြိမ် […]

ရော်ဘာခြစ်ရန်သွားသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

diz_admin

December 8, 2021

သရက်ချောင်းမြို့နယ် မိုးရွှေကုန်းရွာက အမျိုးသမီးတစ်ဦးသည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရော်ဘာခြစ်ရန် သွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆေးရုံတွင် ဆေးကုသနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေနတ် ပစ်ခံရသည့် အမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် အရပ်ခေါ် ဒေါ်မဆဲဆိုသူဖြစ်ပြီး ယင်းကျေးရွာရှိ ရော်ဘာခြံသို့ နံနက် ၄ နာရီခန့်တွင် သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်းအမျိုးသမီးအား ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “ရာဘာခြစ်ဖို့ သွားတဲ့အချိန် ပျူစေားထီးအဖွဲ့ ရွာထဲလှည့်နေတာနဲ့ တိုးပြီး ပစ်ခံရတာ။ မှောင်နေ‌တော့ ဘယ်သူမှန်း မသိဘဲနဲ့ ပစ်လိုက်တာ ထင်တယ်။ ပထမတစ်ချက်ပစ်တာ ခြေထောက်ကို ထိသွားပြီးမှ ထပြေးတဲ့အချိန် ထပ်ပစ်တာ ဗိုက်ကို […]

ထားဝယ်အာယုဒါန အောက်ဆီဂျင်စက်သစ် မိနစ် ၈ဝလျှင် ၄ဝလီတာ ခြောက်အိုးထုတ်

diz_admin

December 7, 2021

ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်အသစ်သည် မိနစ်ရှစ်ဆယ်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ခြောက်လုံးထုတ်လုပ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အောက်ဆီဂျင်စက်အသစ်ကို နိုဝင်ဘာလလယ်ပိုင်းတွင် စတင်လည်ပတ်နေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။ အဆိုပါ စက်အသစ်မှာ ၈ နာရီလည်ပတ်ပြီးလျှင် ၁ နာရီ အနားပေးနေကြောင်း ၎င်းက ပြောသည်။ အာယုဒါနအဖွဲ့တွင် ယခင်ကတည်းကပင် လည်ပတ်နေသည့် အောက်ဆီဂျင်ထုတ်စက်တစ်လုံးရှိပြီး လက်ရှိတွင် အဆိုပါစက်က ၁၅ လီတာနှင့် ၂၀ လီတာအိုးများကို ဖြည့်ပေးနေကြောင်း ဦးအောင်မြင့်က ဆိုသည်။ “စက်အဟောင်းက အိုး အငယ် လိုအပ်ချက်တွေကို ဖြည့်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။ အာယုဒါန အောက်ဆီဂျင်စက်မှ ထွက်သည့် အောက်ဆီဂျင်ကို ထားဝယ်ဆေးရုံကြီးရှိ ကလေးအဆောင်၊ အခြားမြို့နယ် ဆေးရုံများနှင့် […]