တနင်္သာရီတိုင်းတွင် မတ်လကုန်အထိ မိုးထစ်ချုန်းရွာနိုင်
diz_admin
March 21, 2022လက်ရှိအားကောင်းနေသည့် မုန်တိုင်းငယ်အရှိန်နှင့် နေ့အပူချိန်မြင့်တက်မှုကြောင့် တနင်္သာရီတိုင်းတွင် မတ်လကုန်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။ ယနေ့ (မတ် ၂၁) မှ လကုန်ရက်အထိ ၇ ရက်မှ ၁၀ ခန့်အထိ ရွာသွန်းမြဲခန့် ပိုကာ မိုးထစ်ချုန်းရွာနိုင် ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်နှင့် နေ့အပူချိန်များ မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော ဒေါင်လိုက်ဖြစ်ထွန်းသည့် တိမ်တိုက်များကြောင့်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။ “မုန်တိုင်းတစ်ခုဖြစ်ပြီးရင် တိမ်အကြွင်းအကျန်တွေ ရှိတာလည်းပါတယ်။ ပြီးတော့ နေ့အပူချိန်မြင့်တက် တော့ ဒီ Cloud တွေကနေပြီး ထစ်ချုန်းမိုးရွာတဲ့တိမ်တွေကနေပြီးလည်း မိုးကရွာနိုင်တယ်။ အဲဒီအချက်တွေကြောင့် ပြောတာပါ” ဟု ၎င်းက […]