ဝေဒီရွာသားတစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ
diz_admin
December 19, 2021ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားသည့် ဒေသခံတစ်ဦး၏ နေအိမ် ဒီဇင်ဘာလ ၁၇ ရက်တွင် ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဝေဒီကျေးရွာ မြောက်ပိုင်းတွင် နေထိုင်သည့် ကိုစိုးပိုင်ဆိုသူသည် ဒီဇင်ဘာလ ၁၆ ရက် ညဘက် အပြင်ထွက်ရာ ယင်းရွာဈေးအနီးရှိ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဝေဒီကျေးရွာ ဈေးအနီးရှိ ဘုန်းကြီးကျောင်း၌ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကိုစိုးပိုင်၏ နေအိမ်ကို ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မနက်ကျတော့ သူ့(ကိုစိုးပိုင်) ကို အိမ်မှာ […]