BREAKING
March 18, 2025

ထားဝယ်

တက္ကသိုလ်ဝင်စာမေးပွဲ စဖြေသည့်နေ့တွင် ထားဝယ်မြို့နယ်ပညာရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံရ

diz_admin

March 31, 2022

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ပထမနေ့ဖြစ်သည့် ယနေ့ (မတ် ၃၁) မွန်းလွဲ ၃ နာရီကျော်က ထားဝယ်မြို့နယ် ပညာရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ ဆိုင်ကယ်စီးလူနှစ်ဦးက ပညာရေးမှူးရုံးရှေ့တွင် ဆိုင်ကယ်ရပ်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ပြီး အဆောက်အအုံ၏ ဝရန်တာကို ကျည်ထိမှန်ခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “စိတ်မကောင်းဘူးဆိုတာ တစ်ခုလောက်ပဲ ပြောလို့ရမှာပေါ့နော်” ဟု ပစ်ခတ်ခံရမှုအပေါ် ၎င်းက ပြောဆိုသည်။ စစ်ကောင်စီက ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်နေသူများကို ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်သောကြောင်း သားသမီးများကို ကျောင်းသို့ မစေလွှတ်ရန် Guerrilla Dawei က မိဘများကို မတ်လ ၂၆ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။ ထိုသို့ သတိပေးစာထုတ်ပြီး ယနေ့ […]

ထားဝယ်တွင် ကြံစိုက်သူနည်း၍ ကြံဈေးကောင်းရ၊ ကြံရည်တစ်ခွက် ကျပ်တစ်ရာဈေးတက်

diz_admin

March 31, 2022

ထားဝယ်ဒေသတွင် ကြံစိုက်တောင်သူနည်းသဖြင့် ယမန်နှစ်ကထက် ယခုနှစ် ကြံဈေးပိုရကြောင်း ကြံစိုက်တောင်သူအချို့ထံမှ သိရသည်။ ယမန်နှစ်က ဆယ်ချောင်းပါ ကြံတစ်စည်းကို လက်လီဈေးကွက်‌တွင် ငွေကျပ်သုံးထောင်၊ သုံးထောင်ငါးရာဝန်းကျင်ခန့် ရရှိရာမှ ယခုနှစ်တွင် ကျပ် ငါးထောင်ခန့်ရရှိကြောင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။ “အခုနှစ်က ကြံစိုက်တောင်သူလည်း နည်းလာသလို လုပ်သားလည်း ရှားပါးလာတယ်။ ပြီးတော့ ဓာတ်မြေဩဇာကလည်း ဈေးကြီးပေးဝယ်ရတယ်” ဟု ၎င်းက ဆိုသည်။ ကြံကို ထားဝယ်ဒေသတွင် ‌ရေဖြူမြို့နယ်ရှိ ကရင်တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး ယခုနှစ်တွင် မတည်ငြိမ်မှုကြောင့် ကြံခင်းများကို ပစ်ထားရကြောင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲရှိ ကြံစိုက်‌တောင်သူ ဒေါ်ချိုချိုဝင်းက ပြောသည်။ ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် ပွဲလမ်းသဘင်များ မကျင်းပနိုင်ခြင်းကလည်း ကြံစိုက်သူ နည်းပါးလာရခြင်းဖြစ်နိုင်ကြောင်း ၎င်းက […]

ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ ကိုဇေလင်းဦးကို ထောင်ဒဏ် ၁၅နှစ် ထပ်မံချမှတ်ခံရ

diz_admin

March 31, 2022

ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ ကိုဇေလင်းဦးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပုဒ်မလေးခု အတွက် ထောင်ဒဏ် ၆ နှစ်နှင့် ၆ လချမှတ်ခဲ့ပြီး ယခုလည်း ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၁၅နှစ် ထပ်မံ ချမှတ်ခံရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်ထားသည်။ ကိုဇေလင်းဦးကို ပုဒ်မ ခြောက်ခုဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ၅၀၅ (က) ၊ ၅၀၅ (ဂ) ၊ ၁၉ (စ) ၊ ၁၉ (င) စသော ပုဒ်မလေးခုအတွက် ထောင်ဒဏ် ၆ နှစ်နှင့် ၆ လ ချမှတ်ခဲ့ သည်။ ယခုအခါ လက်ကျန်ပုဒ်မ နှစ်ခုဖြစ်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ […]

ရေအခက်အခဲဖြစ်လျှင် အကူအညီတောင်းခံနိုင်သည်ဟု ဇမ္ဗူသီရိအဖွဲ့ပြော

diz_admin

March 31, 2022

ထားဝယ်ခရိုင်အတွင်း နွေရာသီ သောက်သုံးရေပြတ်လပ်လျှင် ဇမ္ဗူသီရိ အ‌ရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံသို့ အကူအညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့မှာ မတ်လကနေ မေလအထိ သောက်သုံးရေရှားပါးမှု နှစ်တိုင်းနီးပါး လိုလိုကြုံတွေ့နေရသည်။ ယင်းအတွက်ကြောင့် ထားဝယ်မြို့၏ အနီးဝန်းကျင် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်လျှင် လိုက်လံကူညီပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ “နှစ်တိုင်းက သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ပြီးစ ကာလတွေမှာ သောက်သုံးရေ အကူအညီတောင်းခံ လာတာမျိုးရှိတယ်။ နှစ်တိုင်းလိုလို သောက်သုံးရေ လိုက်လှူပေးရတယ်” ဟု ၎င်းက ဆိုသည်။ ဒေသအတွင်းနှစ်စဉ်သောက်သုံးရေ အခက်အခဲကြုံရလေ့ရှိသော ကျေးရွာအချို့မှာ လောင်းလုံးမြို့နယ်က ဝေဒီ၊ ကညုံကျွန်း၊ သရက်ချောင်းမြို့နယ်က ရှင်‌မုတ္ထီး၊ ညောင်ဇင်၊ ပန်းချီရှောင်ကျေးရွာတို့ ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ဝေဒီရွာတွင် ယခင်နှစ်များက ယခုလိုကာလမျိုးတွင် တွင်းရေများ […]

မြန်မာတွင် အွန်လိုင်းမှတစ်ဆင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းချမှုမြင့်မားလာဟု WWF ထုတ်ပြန်

diz_admin

March 30, 2022

မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသအတွင်း တောရိုင်းတိရစ္ဆာန်များကို အင်တာနက်လူမှုကွန်ရက်မှ တစ်ဆင့် တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှု သိသိသာသာ မြင့်မားလာနေကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်ကြားကာလအတွင်း မြန်မာနိုင်ငံတွင် Facebook မှတစ်ဆင့် တောရိုင်းတိရစ္ဆာန်ထွက် ကုန်ပစ္စည်းများ ရောင်းဝယ်မှု ၇၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၁ ခုနှစ်အတွင်း Facebook ပေါ်တွင် ရောင်းချနေသည့် တောရိုင်းတိရစ္ဆာန်ပစ္စည်းပေါင်း ၁၁,၀၄၆ ခုအထိရှိကြောင်း WWF က ထုတ်ပြန်သည်။ အဖွဲ့ဝင်ပေါင်း ၁၉၀၀၀ ကျော်ရှိသည့် အွန်လိုင်း Group များအတွင်း တစ်ရက်လျှင် ပိုစ့်ပေါင်း ၃၀ ကျော်အထိ တင်ကာ ရောင်းချနေသည်ကို […]

တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် တောင်ပျောက်တိုက်နယ်က ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး

diz_admin

March 30, 2022

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။ ထွက်ပြေးတိမ်းရှောင်နေသူများတွင် တစ်နှစ်အောက်ကလေးမှစ၍ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (မတ် ၃၀) နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်များက စစ်ကား သုံးစီးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း အဆိုပါတိုက်နယ် ကျွဲခြံရွာနှင့် ဝင်းကဖော်ကျေးရွာမှ ဒေသခံအချို့က ပြောဆိုသည်။ ယခင်က သဲချောင်းကြီးရွာရှိ ရဲကင်းစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်သာရှိပြီး ယနေ့ နံနက်ပိုင်းတွင် ထားဝယ်ဘက်က စစ်ကား သုံးစီးဖြင့်ဆင်းလာကာ စစ်အင်အား တိုးလိုက်သည့် အနေအထား ရှိကြောင်း ၎င်းတို့က ဆိုသည်။ ယင်းကြောင့် တိုက်ပွဲဖြစ်လာမည့် အနေအထားရှိသဖြင့် သဲချောင်းကြီးရွာနှင့် အနီးကပ်ဆုံးရှိသည့် […]

မောင်မယ်ရှောင်ရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်ခတ်ခံရ

diz_admin

March 29, 2022

ထားဝယ်ခရိုင် မောင်မယ်ရှောင်ကျေးရွာတွင် ယနေ့ (မတ် ၂၉) ညနေပိုင်းက ဒလန်ဟု သတင်းထွက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၆၀ ဝန်းကျင်အရွယ် ဦးကိုဝင်း (ခေါ်) ဦးစိုက်ပျိုး ယနေ့ ညနေ ၅နာရီဝန်းကျင်က နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လက်မောင်း ‌နောက်ကျော၊ ရင်ဖက်၊ ဝမ်းဗိုက် သေနတ်ဒဏ်ရာ‌ လေးချက်တွေ့ရတယ်။ သတိတော့ ရှိသေးတယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ ဦးကိုဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး လက်ရှိစစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်လည်း အတူသွားလာသည်များကို […]

လောင်းလုံး ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရ

diz_admin

March 28, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟုလည်း နာမည်ကြီးသည့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး (မတ် ၂၈) သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ဦးသိန်းဇော် ခေါ် ဦးဇော်ဆိုသူဖြစ်ပြီး ပန်းဒလဲရွာနှင့် အင်းဇောက်ရွာကြား ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးသိန်းဇော် ဆိုင်ကယ် စီးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံကတော့ လေးချက်လောက် ကြားရတယ်” ဟု ၎င်းက ဆိုသည်။ ယင်းသို့ ပစ်ခတ်ခံရပြီးနောက် ဆေးရုံသို့ သယ်ဆောင်သွားပြီး သေဆုံးသွားပြီဟု သတင်းထွက်ပေါ် နေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သေတယ်ဆိုရင်တော့ ရွာကိုအလောင်းပြန်သယ်လာမှာပဲ။ အခုထိတော့ ရွာကို မရောက်လာသေးဘူး။ ဆိုတော့ […]