ဘတ်ခြောက်သန်း ထိုင်းထီပေါက်သည့် လောင်းလုံးမြို့နယ်သူ ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေဟုဆို
diz_admin
April 2, 2022ဧပြီလ ၁ ရက်က ထွက်ရှိသည့် ထိုင်းထီ ပထမဆု (ဘတ်ခြောက်သန်းဆု) ပေါက်သူမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးဖြစ်ပြီး ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေကြောင်း ၎င်းကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။ ထိုင်းထီပေါက်သူမှာ လက်ရှိ မြန်မာနိုင်ငံထဲတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့တွင် အလုပ်လုပ်နေသည့် တစ်ရွာတည်းသားချင်းထံမှနေပြီး အွန်လိုင်းမှတစ်ဆင့် ထီထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလ ၁ ရက်နေ့က ထွက်သည့် ၉၇၀၆၁၈ ဂဏန်းဖြင့် ပထမဆုပေါက်ခဲ့ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် ဆိုပါက သိန်းသုံးထောင်ကျော်ရှိမည်ဖြစ်သည်။ ဆုငွေထုတ်ယူပေးမည့် ထီလက်မှတ်ရောင်းထားသူက မတန်တဆ ငွေတောင်းနေသောကြောင့် ဧပြီလ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီကျော်အထိ ထီပေါက်ငွေများ မထုတ်ရသေးကြောင်း ထီပေါက်သူအား ကူညီပေးနေသူတစ်ဦးက ပြောသည်။ ထီလက်မှတ်ရောင်းချသူနှင့် […]