ထားဝယ်က တည်းခိုခန်းတစ်ခုတွင် တည်းနေသူ ၅၀ ခန့်ကို စစ်ကောင်စီတပ်ဖမ်းဆီး
Dawei Watch
January 20, 2025ထားဝယ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းနေသည့်ခရီးသည် ၅၀ ခန့်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၈ ရက်ညက လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် အဝေးပြေးကားဝင်းအနီးတွင် ဖွင့်လှစ်ထားသည့် Flower တည်းခိုခန်းတွင် လာရောက်တည်းခိုနေသည့် ခရီးသည်များကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ အဆိုပါခရီးသည်များမှာ အခြားတိုင်းနှင့်ပြည်နယ်များကဖြစ်ပြီး တနင်္သာရီတိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်မည့်သူများဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ည ၈ နာရီလောက်မှာဝင်ဖမ်းတာပါ။ စစ်ကားတွေရော မြေသယ်ကားတွေရော အများကြီးပါလာတယ်။ လူတွေကိုတော့ မြေသယ်ကားပေါ်တင်ခေါ်သွားပြီး သပြေချောင်းတပ်နယ်ထဲကို ဝင်သွားတယ်” ဟု ယင်းဖြစ်စဉ်အသေးစိတ်သိရှိသည့် မြို့ခံတစ်ဦးက ပြောသည်။ ဧည့်စာရင်းမတိုင်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် အဖမ်းခံရသူများကို သပြေချောင်းတပ်နယ်ထဲတွင်ပင် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ အဖမ်းခံရသည့် ခရီးသည်များထဲတွင် အမျိုးသမီးများလည်ပါဝင်ပြီး ၎င်းတို့ကို စစ်မှုထမ်းခိုင်မည်ဆိုသည့် […]