လောင်းလုံး ညင်းမော်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဈေးတွင် ပစ်သတ်ခံရ
diz_admin
April 7, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ ကျေးရွာအရံ မီးသတ် တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးနိုင်ဦးကို ယနေ့ (ဧပြီ ၇) နံနက်ပိုင်းက ရွာဈေးတွင် ပစ်သတ်ခံရပြီး ဈေးသည် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသူ အသက် ၅၀ ကျော်အရွယ် ဦးနိုင်ဦးမှာ ညင်းမော်ဘုန်းကြီးကျောင်းနံဘေး နေအိမ်တွင် အရက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးနိုင်ဦးသည် ညင်းမော်ဘော်လုံးကွင်းတွင် ဖွင့်လှစ်ထားသည့် ဈေးတွင် နံနက် ၆ နာရီခွဲခန့်တွင် ဈေးလာဝယ်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။ သေဆုံးသူ ဦးနိုင်ဦးမှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး ရဲသတင်းပေးဖြစ်သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ရင်ဘတ်မှာ […]