ထားဝယ်ရိုးရာ ကလေးသင်္ကြန်ရက် ရေကစားသူမတွေ့
diz_admin
April 11, 2022နှစ်စဉ် ဧပြီလ ၁၁ ရက်ကစပြီး ကလေးသင်္ကြန်နေ့အဖြစ်သတ်မှတ်၍ ရေပက် ကစားလေ့ရှိသော ထားဝယ်ခရိုင် မြို့နယ်များတွင် ယနေ့ ရေကစားသူ မတွေ့ရကြောင်း ဒေသခံများက ပြောသည်။ ယခင်နှစ်များက ထားဝယ်မြို့အတွင်းရှိ အဓိကလမ်းမကြီးများတွင် သင်္ကြန်အကြိုနေ့ မတိုင်မီ နှစ်ရက်ကစပြီး မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူအရွယ်များ ရေပက်ကစားလေ့ ရှိသော်လည်း ယခုနှစ်မှာမူ တစ်မြို့လုံးနီးပါးတွင် ရေကစားသူ မတွေ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “လုံးဝ မရှိဘူး။ တစ်မြို့လုံးနီးပါး ပတ်သွားကြည့်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ်မြို့အပါအဝင် လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း စသည့် မြို့နယ်များတွင် ရေပက်ကစားသူ မတွေ့ရကြောင်း ဒေသခံများက ပြောသည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုဂယက်တို့ကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ၂ နှစ် […]