BREAKING
March 19, 2025

ထားဝယ်

ထားဝယ်တွင် တညင်းသီးအထွက်နည်း၍ ဈေးကောင်းရ

diz_admin

April 23, 2022

တနင်္သာရီတိုင်းတွင် ယခုနှစ်တညင်းသီး အထွက်နည်း၍ ထားဝယ်ထွက်တညင်းသီးများ စျေးကောင်းရနေကြောင်း ခြံပိုင်ရှင်များထံမှသိရသည်။ ယခုနှစ်ရာသီအစတွင် တညင်းသီးတစ်ခြင်း (ငါးထည့်ခြင်းအလတ်စားတစ်ခြင်း)ကို နှစ်သောင်းကျပ် အထိပေး၍ ရွာအထိဆင်းဝယ်နေကြပြီး ယမန်နှစ်က ရာသီအစထက် ငွေကျပ်ရှစ်ထောင်ခန့် ဈေးပိုရရှိသည်ဟု ခြံပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်ခါမှ ဒီဈေးမရဖူးဘူး။ ပေါလာရင်တော့ ဈေးကျနိုင်တယ် “ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလခန့်က မိုးရွာခြင်း၊ နှင်းခါးထိခြင်းတို့ကြောင့် ယခုနှစ်တညင်းသီး အထွက်နှုန်းသိသိသာသာ လျှော့နည်းကြောင်း ခြံပိုင်ရှင်တစ်ဦးကလည်းဆိုသည်။ “အရင် တစ်ပင်ခူးရင်တောင် ငါးခြင်းလောက်ရတဲ့ပင်ရှိတယ်။ အခုက သုံးပင်ခူးတာတောင် သုံးခြင်းနဲ့တစ်ဝက်ပဲရတယ်”ဟု ၎င်းကပြောသည်။ ထားဝယ်တွင် တညင်းသီးကို သင်္ကြန်ပြီးအချိန်လောက်မှစပြီး ဆွတ်ခူးလေ့ရှိကြပြီး ကဆုန်လလောက်တွင် ခြံရှင်းခူးရောင်းလေ့ရှိကြသည်။ “မနှစ်က ဆယ်လုံးကို တစ်ရာလေ။ အခုနှစ်က ဆယ်လုံးကို ခုနှစ်ရာလောက်ပေးဝယ် နေရတယ်”ဟု ထားဝယ်မှ မုံရွာဘက်ပို့နေသော […]

သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာ မင်္ဂလာပွဲအနီး အသံဗုံးပေါက်

diz_admin

April 22, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာ မင်္ဂလာပွဲအနီးတွင် ယနေ့ (ဧပြီ ၂၂) နံနက် ၇ နာရီခွဲခန့်တွင် အသံဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က‌ ပြောသည်။ အဆိုပါ အသံဗုံးပေါက်ကွဲမှုမှာ မင်္ဂလာပွဲနှင့် ကိုက် ၁၀၀ ခန့်အကွာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း ရန်တောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးဖောက်ခွဲသည့် အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့က ဖောက်ခွဲခဲ့သည်တို့ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဧပြီလ ၁၀ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာတွင် မင်္ဂလာပွဲအပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၁ ရက်တွင် ကြက်ယက်တွင်းကျေးရွာတွင် မင်္ဂလာဆောင်ကျင်းပနေစဉ် အနီးဝန်းကျင်၌ ပေါက်ကွဲသံနှင့် သေနတ်သံများ ထွက်ပေါ်ခဲ့သေးသည်။ ထားဝယ်ခရိုင်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့က ပျော်ပွဲရွှင်ပွဲများ၊ မင်္ဂလာပွဲများ မကျင်းပရန် မေတ္တာရပ်ခံထားပြီး […]

လောင်းလုံးတွင် မှုခင်းသတင်းထောက်တစ်ဦး၏ကား ပစ်ခတ်ခံရ

diz_admin

April 21, 2022

လောင်းလုံး – ထားဝယ် လမ်းတွင် ယနေ့ (ဧပြီ ၂၁) နံနက်ပိုင်းက ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မှုခင်း သတင်းထောက်တစ်ဦး စီးနင်းလာသည့်ကား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ ကညုံရပ်ကွက်တွင် နေထိုင်သော မှုခင်းသတင်းထောက် ဦးခင်မောင်ကြီး၏ ကားဖြစ်‌ပြီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းကားပေါ်တွင် လူနှစ်ဦး လိုက်ပါလာသည်ဟု သိရှိရပြီး ပစ်ခတ်ခံရပြီးနောက် ထားဝယ်ဖက်သို့ မောင်းထွက်လာပြီးနောက် ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ “ကားမှန်တွေတော့ ကွဲကြေသွားတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခြင်း ရှိမရှိကိုမူ မသိရပေ။ “မနက်ရှစ်နာရီလောက်က ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ သူ့ကားကို ဓာတ်ပုံရိုက်နေတာ မှတ်တမ်းယူနေတာ […]

ထားဝယ်မြို့လယ်ရှိ Mytel အရောင်းပြခန်း ပစ်ခတ်၊ ဖောက်ခွဲခံရ

diz_admin

April 21, 2022

ထားဝယ်မြို့ အာဇာနည်လမ်း ကရပ်ပြင်လမ်းဆုံအနီးရှိ Mytel အရောင်းပြခန်း ယနေ့ (ဧပြီ ၂၁) မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ပေါက်ကွဲမှု ထပ်ဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး အဆိုပါ Mytel အရောင်းပြခန်း ဝင်ပေါက်ရှိ CCTV အား သေနတ်ဖြင့် ခုနစ်ချက်ခန့် ပစ်ခတ်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ ယင်းသို့ပစ်ခတ်ပြီး ဆယ်မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးရန် မရောင်းပြခန်းအနီးသို့ အရောက်တွင် ပေါက်ကွဲမူတစ်ခု ထပ်မံဖြစ်ပွားကြောင်း ၎င်းက ပြောကြားသည်။ ပေါက်ကွဲမူကြောင့် အရောင်းပြခန်း မှန်ကွဲသွားပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် လာရောက် စစ်ဆေးသူ များတွင်မူ ထိခိုက်ဒဏ်ရာရသည်ဟု မကြားရသိရကြောင်း ၎င်းက ဆိုသည်။ “ဝန်ထမ်းတွေကို […]

သရက်ချောင်းမြို့နယ် ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားတွင် တိုက်ပွဲဖြစ်

diz_admin

April 20, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်ဘေးးရှိ ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားရှိ ဥတ္တူတံတားအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၀) ရက် နံနက် ၅ နာရီခန့်မှ ၇ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ဥတ္တူတံတားတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်မှာ ကြာပြီဖြစ်ပြီး ယင်းတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF က လာရောက်တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။ သေနတ်သံများကို နံနက် ၇ နာရီခန့်အထိ ကြားရကြောင်း သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သေနတ်သံတွေကတော့ ဆူညံနေရောပဲ။လက်နက်ကြီးသံတွေလည်း တဂျိမ်းဂျိမ်းပဲ အသံကြားနေတာ၊ မိုင်းခွဲသံအကြမ်းကြီး နှစ်လုံးကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပြီး များမကြာမီတွင် စစ်ကောင်စီဘက်က စစ်ကူတက်လာသည့် စစ်တပ်ကားမှာ ပိန်းတောရွာနှင့် ပန်းပြင်ရွာကြားရှိ […]

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေး ကျပ်နှစ်ထောင်ကျော်အထိမြင့်တက်

diz_admin

April 19, 2022

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေးနှုန်း တစ်လီတာ ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်လာ‌‌ကြောင်း ထားဝယ်မြို့နှင့် လောင်းလုံးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။ ထားဝယ်မြို့တွင် လက်ရှိရောင်းချနေ‌ေသာစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (၉၂) တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၂၇၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၀၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာ၂၄၃၀ ကျပ်အထိ မြင့်တက်သွားကြောင်း DDPC စက်သုံးဆီအရောင်းဆိုင်ထံမှ သိရှိရသည်။ “သင်္ကြန်အပြီး လွန်ခဲ့တဲ့ ၂ ရက်ကတည်းက စက်သုံးဆီဈေး ၂၀၀၀ ကျော်နေပြီ” ဟု လောင်းလုံးမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသူ တစ်ဦးမှ ဆိုသည်။ နှစ်ဆန်းတစ်ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၀၁၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၁၈၀ […]

သားအသတ်ခံရပြီး ၇ လအကြာအမေဖြစ်သူ ထပ်မံပစ်သတ်ခံရ

diz_admin

April 19, 2022

ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာတွင် နေထိုင်သည့်စစ်ကောင်စီ သတင်းပေးဆိုသူ ဦးမိုးဟိန်း အသတ်ခံရပြီး ၇ လအကြာ ဧပြီလ ၁၈ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က အမေဖြစ်သူလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါပစ်ခတ်ခံရပြီး သေဆုံးသူမှာ ဦးမိုးဟိန်း၏အမေ အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နှင်းရီဆိုသူဖြစ်သည်။ ယင်းနေ့ည ဆယ်နာရီခန့်က သေနတ်ကိုင် လူငယ်နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး သားမက်ဖြစ်သူ ဦးစိုးသိန်း နှင့် သမီးဖြစ်သူဒေါ်ချိုတို့၏ နာမည်များခေါ်ပြီး တံခါးဖွင့်ခိုင်းသည်ကို ကြားရကြောင်း၊ ယင်းနောက် စကားပြောသံများ၊ သေနတ်သံများ ကြားရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဦးစိုးသိန်းက လည်ပင်းရှပ်ထိဒါဏ်ရာနဲ့ သေချင်ယောင်ဆောင် နေတယ်လို့ပြောတယ်။ ဒေါ်နှင်းရီကတော့ နားအုံကို ထိသွားတယ်”ဟု ၎င်းကပြောသည်။ ၎င်းတို့မိသားစုသည် ညတွင်းချင်းတိမ်းရှောင်သွားသည်ဟု သိရပြီး ဒေါ်နှင်းရီကိုမူ သေသည်ဟုထင်ကာ နေအိပ်ပေါ်တွင် […]

သရက်ချောင်း တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါပြန်တွေ့၊ ဆေးဝါးအခက်အခဲဖြစ်

diz_admin

April 18, 2022

တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားနေပြီး ဆေးဝါးအခက်အခဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လမှစပြီး ငှက်ဖျားပိုးစတင်စစ်ဆေးတွေ့ရှိလာပြီး ဧပြီလ ၁၈ ရက်အထိ ပိုးတွေ့သူ ၂၀ ဦးခန့် ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ဆေးကုသပေးနေသူတစ်ဦးက ပြောသည်။ တောင်ပျောက်တိုက်နယ်ထဲတွင် ကျေးရွာဆယ်ရွာရှိပြီး ယခုငှက်ဖျားပိုး‌စစ်ဆေးတွေ့ရှိသူ ၂၀ ဦးမှာ ကျွဲခြံ၊ ဝမ်းကဖော်၊ ကျောက်အိုက်၊ မယ်ကဲ၊ ရေဗျတ်၊ အလယ်စု စသည့် ကျေးရွာခြောက်ရွာရှိ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “အခုလောလောဆယ်တော့ ငှက်ဖျားမိနေတဲ့သူ ငါဦးကျန်သေးတယ်။ ကျန်တဲ့သူတွေကတော့ သက်သာနေပြီ” ဟု ၎င်းက ပြောသည်။ တောင်ပျောက်တိုက်နယ်ထဲ အခြားကျေးရွာလေးရွာတွင် ငှက်ဖျားရောဂါဖြစ်ပွားမူ ရှိနေသော်လည်း လူဦးရေမည်မျှ ဖြစ်ပွားနေသည်ကို […]