BREAKING
March 19, 2025

ထားဝယ်

ထားဝယ်၊ ရေဝိုင်းရွာအနီး လက်နက်ကြီးဖြင့် ပစ်ခံရ၍ ဒေသခံများ စိုးရိမ်

diz_admin

April 28, 2022

ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု ရေဝိုင်း‌ကျေးရွာအနီးကို ဧပြီလ ၂၇ ရက်ည ကိုးနာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံ ၇ ချက်ခန့်ကြားရပြီးနောက် ငြိမ်သက်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အသံကအကျယ်ကြီးဆိုတော့ ရွာအနီးအနားမှာပဲ ဖြစ်တာဖြစ်မယ်ထင်တယ်။ ညဘက်ကြီးဆိုတော့ ကြောက်လန့်ပြီး ဘယ်သူ့မှလည်း အပြင်မထွက်ရဲကြဘူး” ဟု ၎င်းကဆိုသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသံကိုသာကြားရပြီး သေနတ်ပစ်သံများ မကြားရသဖြင့် ထိတွေ့တိုက်ပွဲ မဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ညပိုင်းဖြစ်သဖြင့် မည်သည့်နေရာမှ ပစ်ခတ်သည်ဆိုသည်ကိုမူ သေချာမသိကြောင်း ဒေသခံအချို့က ပြောသည်။ ဒေသခံရွာသားများမှာမူ တိမ်းရှောင်ခြင်းမရှိသေးဘဲ ယနေ့ (ဧပြီ ၂၈) အထိ ရွာထဲတွင်နေထိုင်ကာ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၂၄ ရက်မှ […]

ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ထွက်သူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

April 28, 2022

လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟု နာမည်ထွက်သည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ယနေ့ (ဧပြီ ၂၈) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ပန်းဒလဲကျေးရွာသူဖြစ်ပြီး လေးတောင်မိန်းမ (ခေါ်) ဒေါ်သန်းသန်းသက်ဆိုသူ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါအမျိုးသမီးမှာ ယနေ့ နံနက်ပိုင်းက ကျေးရွာဈေးတွင် ဈေးကောက် ကောက်နေစဉ် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပထမတစ်ချက်ပစ်တယ်။ မှောက်ရက်လဲကျသွားပြီးတော့မှ ပြန်လှည့်လာပြီး သုံးချက်ထပ်ပစ်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဒေါ်သန်းသန်းသက်မှာ ပြီးခဲ့သည့်လပိုင်းက ပစ်သတ်ခံလိုက်ရသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဦးဇော်နှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ၎င်းတို့အဖွဲ့မှာ လက်နက်ကိုင်ဆောင်ထားက မကြာခဏ ပစ်ဖောက်လေ့ ရှိကြောင်း ဒေသခံများထံမှ […]

ထားဝယ် မဲချောင်းရွာအနီး တိုက်ပွဲဖြစ်၊ တိမ်းရှောင်နေရသည့်ဒေသခံများ စားသောက်ရေး အခက်ကြုံ

diz_admin

April 27, 2022

ထားဝယ် – ထီးခီးသွားလမ်းပေါ်ရှိ ထားဝယ်မြို့နယ် သဗျာကျေးရွာအုပ်စု မဲချောင်းရွာအနီး ရှစ်မိုင်လမ်းဆုံတွင် ‌ဧပြီလ ၂၆ ရက် ည ၇ နာရီခန့်က နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက လမ်းပိုင်းစစ်ဆေးမှုများဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့်ယာဉ်သုံးစီး စစ်ဆေးမခံဘဲ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယင်းအတွက်ကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၄၀ ကြာ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီယာဉ်သုံးစီးအနက် နှစ်စီးပျက်စီးကာ တစ်စီးကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းထားသည်ဟုလည်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားနှစ်ဦးလည်း သေဆုံးပြီး အချို့ဒဏ်ရာရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ယင်း ထိခိုက်ပျက်စီး သေဆုံးမှုအခြေအနေကို Dawei Watch အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ […]

ထားဝယ်တွင် ငါးခြောက်တစ်ပိဿာလျှင် တစ်သောင်းကျော်အထိ ဈေးတက်

diz_admin

April 26, 2022

ထားဝယ်တွင် ငါးခြောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် သုံးထောင်မှ တစ်သောင်းကျော်အထိ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။ ထားဝယ်ဒေသအခေါ် အူကီးခြောက် (ခ) ငအူညှင်းခြောက်မှာ လွန်ခဲ့သည့် တစ်လကျော်ခန့်က တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုအခါ တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အထိ ဖြစ်နေကြောင်း ငါးခြောက်ရောင်းသူအချို့က ပြောသည်။ ငါးမန်းခြောက်ဈေးမှာလည်း တစ်ပိဿာလျှင် ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်၊ ငါးကွန်းရှပ်မှာ ၂၅,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်၊ စာပလပ်ခြောက်မှာ ၁၅,၀၀၀ ကျပ်မှ ၂၅,၀၀၀ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဒလုံးခြောက်မှာ ၁၃,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်၊ ငါးပုပ်ခြောက်မှာ ၂၅,၀၀၀ ကျပ်မှ […]

သရက်ချောင်းမြို့နယ် စော်ဖျားရွာသားတစ်ဦး အသတ်ခံရ

diz_admin

April 26, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာက ရွာသားတစ်ဦး ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရော်ဘာခြံတစ်ခုတွင် အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးလားဆိုသူဖြစ်ပြီး ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားရှိ ရော်ဘာခြံတစ်ခုတွင် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သေတာကတော့ မနေ့ညတည်းက အသတ်ခံရတယ်လိုလို ပြောသံကြားတယ်။ အလောင်းသွား ကောက်သူ မရှိသေးဘူးလို့လည်း ရွာထဲမှာ ပြောဆိုနေကြတယ်” ဟု စော်ဖျားရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ဦးလားကို မည်သူတို့က မည်သည့်အတွက်ကြောင့် သတ်ဖြတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ဦးလား၏ အစ်ကိုဖြစ်သူ ဦးသိန်းမဲကိုမူ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် Dawei Defense Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။ ပျူစောထီးအဖွဲ့ဝင်ဖြစ်သဖြင့် […]

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထားဝယ်ရှိ ရွာသုံးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်

diz_admin

April 26, 2022

ထားဝယ်မြို့နယ် ပကာရီကျေးရွာအနီးအနားကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၂၅ ရက် ည ၁၀ နာရီခန့်တွင် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင် စသည့် ကျေးရွာသုံးရွာအနီးရှိ တောထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မကြားရသေးဟု ဆိုသည်။ “ကျွန်မကြားတာကတော့ (လက်နက်ကြီးအသံ) ခြောက်ချက်တိတိရှိတယ်။ လက်နက်ကြီးတွေက ရွာထဲမှာ တော့ မကျဘူး။ ရွာနားက တောထဲကိုကျတာ။ အခုထိတော့ ဘာတွေထိခိုက်သွားတယ်ဆိုတာ မသိ‌ရသေး ဘူး” ဟု ၎င်းက ပြောဆိုသည်။ လက်နက်ကြီးပစ်ခတ်မူကြောင့် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင် ကျေးရွာရှိ ဒေသခံတစ်ထောင်ခန့်သည် အနီးအနား ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် […]

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်း မီးရှို့ခံရ

diz_admin

April 24, 2022

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် PDF အဖွဲ့က မီးရှို့လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းရဲကင်းစခန်းသည် ထားဝယ်မြို့မှ ဆယ်မိုင်ခန့်အကွာ ထားဝယ်- မေတ္တာ- ထီးခီးသွားလမ်းပေါ် ပကာရီကျေးရွာအဝင်တွင် တည်ရှိသည်။ ယင်းရဲကင်းစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များ မနေသည်မှာ တစ်နှစ်နီးပါးခန့်ရှိပြီဖြစ်ပြီး ပကာရီကျေးရွာ အနီးနားကို စစ်ကြောင်းထိုးသည့်အခါမျိူးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲလေ့ရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အဲဒီရဲစခန်းက ပြာကျသွားပြီ။ PDF အဖွဲ့‌တွေ လမ်းလျှောက်သွားပြီး မီးရှို့လိုက်ကြတာ။ မီးလောင်နေ တယ်လို့ သတင်းကြားတဲ့အချိန်ဆို (နေ့လယ်) ၁၂ နာရီလောက်ရှိနေပြီ” ဟု ၎င်းက ဆိုသည်။ ရဲကင်းစခန်း မီးလောင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ သေးကြောင်း ဒေသခံများက ဆိုသည်။ ပကာရီရဲကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က […]

B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်

diz_admin

April 24, 2022

ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဆိုင်ရာ (B.Ed.) ဘွဲ့မရသေးသူ ဆရာ၊ ဆရာမများ တက်ရောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းတက်ရောက်ရန်အတွက် ယခင်နှစ်များကဲ့သို့ ဝင်ခွင့်ဖြေစရာမလိုဘဲ လုပ်သက်တန်းစီဇယားအရ သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိရမည်ဖြစ်သည်။ ယခင်နှစ်များတွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် သင်တန်း‌တက်ရောက်ရန်အတွက် လုပ်သက် ၅ နှစ်ပြည့်ပြီးသော အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်များ […]