လောင်းလုံး ညောပြင်ရွာကို စစ်ကြောင်းထိုးရှာနေ၊ ဒေသခံအချို့ အဖမ်းခံရပြီး အချို့ဒဏ်ရာရ
diz_admin
May 9, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၉) တွင် ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက်စောစောအချိန်မှစပြီး ကျောက်ဝပ်ပြင်ကျေးရွာ ကျိုက်ထီးရိုးတောင်ပေါ်မှနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေလျင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ဒီနေ့ မိုးလင်းတာနဲ့ စစ်တပ်က ရွာထဲရောက်လာတာ။ ပင်လယ်ဖက်မှာကလည်း စစ်သင်္ဘောတစ်စီး ရပ်ထားတာ ရှိနေတယ်။ ရွာထဲကို ရေကြောင်း၊ ကုန်းကြောင်းကနေ ဝိုင်းပြီး စစ်ဆေးနေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ ဝင်ရောက်လာပြီးနောက် ညောပြင်ရွာတွင် တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီး စစ်ဆေးနေသောကြောင့် ဒေသခံ လေးဦး အဖမ်းခံထားရသည့်အနက် နှစ်ဦးမှာ ဒဏ်ရာရရှိထားကြောင်း ဒေသခံအချို့က ဆိုသည်။ “ရွာထဲ ရုတ်တရက် […]