ကျောက်မဲတောင်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၂ ဦး ကျဆုံး
diz_admin
May 16, 2022ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးကြောင်း ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ ကျောက်မဲတောင်နယ်မြေရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့နှင့် KNDO (ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ )တို့က မေလ ၁၄ ရက် နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ပွဲတွင် ကျဆုံးခဲ့သူနှစ်ဦးအနက် တစ်ဦးမှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (T1 Zone) မှ ရဲဘော်ဂျပန်ဖြစ်ပြီး နောက်တစ်ဦးမှာ KNDO (ကော်လဖိုးအဖွဲ့) တပ်ရင်းမှ စောကီဆူး (ခေါ်) ဗိုလ်ဆယ်ပြားဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါဒေသတွင် T1-Zone ၊ ကျားသစ်နက်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အရှေ့ပိုင်းကာကွယ်ရေးအဖွဲ့-ထားဝယ် (EDF) ၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT) ၊ KNDO […]