လောင်းလုံးတွင် လက်ထောက်ကထိကတစ်ဦးနှင့် ထွေအုပ် ရပ်ကျေးစာရေးမတစ်ဦး ပစ်သတ်ခံရ
diz_admin
June 13, 2022လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာတွင် ဇွန် ၁၂ ရက် ညနေပိုင်းက အသက် လေးဆယ်ကျော်အရွယ်ရှိ လက်ထောက်ကထိက အမျိုးသားတစ်ဦးနှင့် ရပ်ကျေးစာရေး အမျိုးသမီးတစ်ဦးတို့ ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရသူနှစ်ဦးမှာ ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက်ကထိက တစ်ဦးဖြစ်သူ ဦးဝင်းဗိုလ်ဆိုသူနှင့် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယင်းကျေးရွာတွင် ရပ်ကျေးစာရေးတာဝန်ထမ်းဆောင်နေသူ ဒေါ်မြမြမိုးဆိုသူတို့ ဖြစ်သည်။ ၎င်းတို့ကို အမည်မသိလူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းညနေပိုင်းက ဦးဝင်းဗိုလ်မှာ ၎င်း၏နေအိမ် အပေါ်ထပ်တွင် ခြောက်ချက်ခန့် ပစ်ခတ်ခံရပြီး ဒေါ်မြမြမိုးမှာလည်း ၎င်း၏ နေအိမ်အောက်တွင်ပင် ငါးချက်ခန့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ “ဒေါ်မြမိုးမှာက ပေါင်မှာ တစ်ချက်။ ဆီးခုံတစ်ချက်၊ ရင်ဘက်မှာတစ်ချက် နားထင်မှာ နှစ်ချက် ဒဏ်ရာတွေ့တယ်။ […]