ရေဖြူတွင် သုံးရက်အတွင်း အမျိုးသားငါးဦး အသတ်ခံရ
diz_admin
June 18, 2022ရေဖြူမြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၇ နေ့အထိ သုံးရက်တာအတွင်း အမျိုးသားငါးဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဇွန်လ ၁၇ ည ၈ နာရီ ကျော်က အသက် ၃၀ ကျော်အရွယ် ရလိုင်ရွာသား ဦးတင်ထွန်းအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ် အမည်မသိအမျိုးသားသုံးဦး လာရောက်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးတင်ထွန်းအောင်သည် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေမှူးနှင့် တွဲသွားတွဲလာရှိသူဖြစ်ပြီး အလုပ်ကူညီပေးလေ့ ရှိသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ သို့သော် အဆိုပါအမျိုးသားအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၁၈) နံနက်ပိုင်းက ရေဖြူမြို့သို့ […]