BREAKING
March 20, 2025

ထားဝယ်

လောင်းလုံး ဝဗျောရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

June 22, 2022

လောင်းလုံးမြို့နယ်၊ ဝဗျောရွာတွင် ဇွန်လ ၂၁ ရက်နေ့ညက အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းနေ့ည ၁၀ နာရီခန့်က အရပ်ဝတ်လက်နက်ကိုင်များ ကားသုံးစီးခန့်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်၍ နေအိမ်လေးဆောင်ခန့်ကို ဝင်ဝိုင်းရာမှ ဒေါ်မိချို (ခေါ်) မယ်ချိုဆိုသူအမျိုးသမီးကို ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းနောက် သုံးနာရီခန့်အကြာတွင် ဒေါ်မိချို၏ အလောင်းကို နေအိမ်ရှေ့၌ လာရောက်စွန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “ပစ်သတ်ပြီး အလောင်းပြန်လာထားခဲ့တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ လက်တွင် ပြတ်ရှဒဏ်ရာများတွေ့ရပြီး နဖူးတွင်လည်း ဖူးရောင်ဒဏ်ရာများ တွေ့ရကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူ ဒေါ်မိချိုဆိုသူမှာ ရွာဈေးတွင် ဟင်းသီးဟင်းရွက် ရောင်းချသူဖြစ်ပြီး အေးဆေးနေတတ်သူဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသည့် […]

ထားဝယ် PDF တစ်ဦး လက်လုပ်မိုင်းစမ်းသပ်ရာမှ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံး

diz_admin

June 22, 2022

လက်လုပ်မိုင်း အဆင့်မြှင့်တင်နိုင်ရန် စမ်းသပ်ရာမှ မိုင်းမတော်တဆဖြစ်ပြီး ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့-DGRF မှ ဖောက်ခွဲရေးတပ်သားတစ်ဦး ကျဆုံးကြောင်း ယင်းအဖွဲ့က ယနေ့ (ဇွန် ၂၂) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အသက် ၃၆ နှစ်အရွယ် ရဲဘော်ကိုမျိုးမှာ ဇွန်လ ၁၈ ရက် ညနေ ၃ နာရီ ၂၆ မိနစ်ခန့်တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလတွင် Dawei Guerrilla Revolutionary Force-DGRF က ရဲဘော် ၃ ဦး တိတိကျဆုံးခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျဆုံးခဲ့သည့် ရဲဘော်ကိုမျိုးနှင့် ရဲဘော်တို့၏ ဆန္ဒအတိုင်း လက်ရှိတွင် အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်မဟုတ်ဘဲ တော်လှန်ရေးပြီးဆုံးမှသာ အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား […]

လောင်းလုံး ပညစ်ရွာသားသုံးဦးအဖမ်းခံရပြီး ‌ရွာသားနှစ်ရာခန့် ထွက်ပြေးတိမ်းရှောင်

diz_admin

June 21, 2022

လောင်းလုံးမြို့နယ်၊ ပညစ်ရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အိမ်ခြေ ၁၈၀ ခန့်ရှိသည့် ယင်းကျေးရွာက ဒေသခံရွာသား နှစ်ရာခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။ ဇွန်လ ၁၈ ရက်မှ ၂၀ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် တီဇစ်ရွာတွင်လည်း ယင်းသို့ အလားတူ ရှာဖွေခဲ့ကာ ဒေသခံ ၂၀ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည့်အနက် အများစုကို ပြန်လွှတ်ပေးကာ ငါးဦး စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွာဒေသခံများက ပြောဆိုကြသည်။ ရှေ့တွင် ယင်းသို့ ဖမ်းဆီးမှုများ ဖြစ်ပွားထားသဖြင့် ပညစ်ရွာက ဒေသခံများလည်း စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ပညစ်ရွာသားများထံမှ […]

လောင်းလုံး တီဇစ်ရွာသားငါးဦး ဖမ်းဆီးခေါ်ဆောင်ခံရ

diz_admin

June 21, 2022

လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာမှ ရွာသားငါးဦးကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကုန်းကြောင်း၊ ရေကြောင်း ပူးပေါင်း၍ အင်အား ခုနှစ်ဆယ်ခန့်ဖြင့် ယင်းကျေးရွာအား စစ်ကြောင်းထိုးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ရှာဖွေရာ ဇွန်လ ၂၀ ရက်နေ့အထိ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အများစုကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူတို့မှာ အသက် ၄၀ အရွယ်များဖြစ်သည့် ဦးဆန်း၊ ဦးရွှေဦး၊ ဦးမောင်ကျော်၊ ဒေါ်ဖွားသိန်းနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၁၈နှစ်အရွယ် မဂန္ဓာတို့ဖြစ်ကြောင်း ဒေသခံများ၏ […]

သရက်ချောင်း ကနက်သီရိရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

diz_admin

June 20, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယနေ့ (ဇွန် ၂၀) ည ၇ နာရီခွဲခန့်က စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကျည်လေးချက် ထိမှန်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။ ဦးနိုင်မိုးမှာ စစ်တပ်၊ ရဲတို့နှင့် ပေါင်းကာ ကျေးရွာတွင်းရှိ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူများ နှင့် NLD ပါတီဝင်များကို ဖမ်းဆီးရန် သတင်းပေးခဲ့သူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်း၏ သတင်းပေးမှုကြောင့် ဒေသခံများ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ငွေကြေးပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြောင်း ကနက်သီရိကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဦးနိုင်မိုးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလတွင် […]

ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဗုံးပေါက်

diz_admin

June 20, 2022

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဇွန်လ ၁၉ ရက်ည ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲကြောင်း အဆိုပါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုံးအဆောက်အအုံ အနောက်ဘက် ခုနစ်ပေခန့်အကွာရှိ အမျိုးသားအိမ်သာနှင့် မိလ္လာကန်ကြားတွင် ပေါက်ကွဲခြင်း ဖြစ်သဖြင့် မိလ္လာကန် ၁ ပေပတ်လည်ခန့် ပေါက်ကွဲပျက်စီးကြောင်း ၎င်းက ဆိုသည်။ သို့သော် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခြင်း၊ လူထိခိုက်ခြင်း မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ “ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ သူတို့ခံယူချက်နဲ့ သူတို့လုပ်တာဆိုတော့လေ။ အဓိကတော့ ဒီပညာသင်ကြားနေတဲ့ ကလေးတွေအပေါ်မှာတော့ ထိခိုက်အောင်တော့ မလုပ်စေချင်ဘူးပေါ့ဗျာ” ၎င်းက ပြောသည်။ အဆိုပါ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း […]

ရေဖြူမြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ဦးအသတ်ခံရ

diz_admin

June 19, 2022

အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေထိုင်သည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ဇွန်လ ၁၈ ရက်ညတွင် အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အသတ်ခံရသူများမှာ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာတွင် နေထိုင်သူများဖြစ်သည်။ ယင်းမိသားစုဝင် ၄ ဦးမှာ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့ အမှတ် ၄ ရပ်ကွက် အင်းပြားရွာတွင် လာရောက်တိမ်းရှောင် နေထိုင်စဉ်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ပြောသည်။ အသတ်ခံရသူများမှာ အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေသည်မှာ သုံးလဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ “ရွာမှာနေတုန်းက အိမ်ကိုလာပြီး ရိုက်ဖျက်တယ်။ ဆိုင်ကယ်နှစ်စီး၊ ဖုန်းသုံးလုံးကို ယူသွားတာ ဒီမှာ (အင်းပြားမှာ) က အေးဆေးတယ်ဆိုပြီး နေရာရွှေ့ပြီး လာနေကြတာ” ဟု ၎င်းကပြောဆိုသည်။ အသတ်ခံရသူများမှာ ပြည်သူ့စစ် […]

ထားဝယ် ကမ်းနားလမ်းတွင် သပိတ်ဘန်နာကို စစ်ကောင်စီတပ် လာဖြုတ်ချိန် ဗုံးပေါက်

diz_admin

June 18, 2022

ထားဝယ်မြို့ ကမ်းနားလမ်းတွင် ယနေ့ (ဇွန် ၁၈) ညနေ ၄နာရီခန့်က သပိတ်ဘန်နာကို စစ်ကောင်စီတပ်က လာရောက်ဖြုတ်ယူချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကမ်းနားလမ်းအပန်းဖြေနေရာအနီးတွင် ဝါးလုံးဖြင့် ခြံစည်းရိုးခတ်ထားသည့် နေရာတွင် ချိတ်ဆွဲထားသည့် “လောင်းလုံးကိုထိရင် ထားဝယ်နဲ့ငြိမယ်” ဆိုသည့် သပိတ်စာတန်း ဘန်နာကို စစ်ကောင်စီတပ်သားများ လာရောက် ဖြုတ်ယူချိန် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဗုံးပေါက်ကွဲချိန် ကမ်းနားလမ်းအတိုင်း စက်ဘီးစီးလာသည့် အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဦးခေါင်းမှာ အစထိမှန်ခဲ့တာ။ ဒဏ်ရာမများဘူး။ ဆေးရုံကနေ အိမ်ကိုတောင်ပြန်သွားပြီ” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ မိုင်းစထိမှန်ခဲ့သည့် အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို သေသေချာချာ မသိရသေးပေ။ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကမ်းနားလမ်းတွင် စစ်ကောင်စီတပ်သားများက […]