BREAKING
March 20, 2025

ထားဝယ်

ရေဖြူ စရဖရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

diz_admin

July 14, 2022

‌ထားဝယ်ခရိုင် ရေဖြူမြို့ (ဂ) ရပ်ကွက်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ဇူလိုင်လ ၁၃ ရက်ညက ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ည ၁၁ နာရီခန့်တွင် ယင်းရုံးက ပေါက်ကွဲသံများကြားရခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် အဆောက်အအုံတစ်ခုလုံး ပျက်စီးနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဘယ်လိုဖြစ်တာလဲတော့ သေချာမသိရဘူး။ ဒီမနက် ရုံးထဲမှာ တစ်ထပ်တိုက် ကြေမွနေတာပဲ သိရတယ်” ဟု ၎င်းက ဆိုသည်။ ယင်း စရဖရုံးတွင် ဝန်ထမ်းသုံးလေးဦး နေ့ဖက်လာရောက် တာဝန်ထမ်းဆောင်ပြီး ညဘက်ပြန်သွားလေ့ရှိသဖြင့် ဖောက်ခွဲခံရချိန်တွင် ရုံးထဲလူမရှိနိုင်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံအချို့က ပြောသည်။ ယင်းဖောက်ခွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ ယနေ့ (ဇူလိုင် ၁၄) မွန်းလွဲ ၂ နာရီအချိန်အထိ […]

ကရင်ကြီးရွာသားတစ်ဦး သဘော့ဆိပ်ဈေးအနီး ပစ်သတ်ခံရ

diz_admin

July 13, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ ဈေးအနီးတွင် ဇူလိုင် ၁၃ ရက် (ယနေ့) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ ကရင်ကြီးရွာသားဖြစ်ပြီး အသက်လေးဆယ်ကျော်အရွယ်ရှိ ဦးမောင်ဝင်းဆိုသူဖြစ်သည်။ ယနေ့ နံနက် ငါးနာရီကျော်က သဘော့ဆိပ်ဈေးတွင် ဇနီးဖြစ်သူအပါအဝင် သမီးနှစ်ယောက်နှင့်အတူ ဥယျာဉ်ခြံထွက်ပစ္စည်းများ လာရောက်ရောင်းချနေစဉ် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သူက ဈေးခင်းပြီးတဲ့အချိန် လက်ဖက်ရည်ဆိုင်နားမှာ နှစ်ချက်ပစ်ခံရတယ်။ ပြီးတာနဲ့ ထပြေးသွားသေးတယ်။ နောက်ကနေ သေနတ်သမားတွေက လိုက်ပစ်တာ နောက်‌ကျောမှာတစ်ချက် ခေါင်းမှာတစ်ချက်တော့ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ဦးမောင်ဝင်းသည် စစ်ကောင်စီခန့် ငါးရွာအုပ်စု အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ “သူက အုပ်ချုပ်ရေးမှူးရဲ့ […]

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့မြင်ကွင်း

diz_admin

July 12, 2022

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ပေါ်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းက မြင်ကွင်းများ ဖြစ်သည်။

ပန်းဒလဲ ပျူစောထီးအိမ်တိုက်ခိုက်ခံရပြီးနောက် အိမ်ရှေ့မှဖြတ်သွားသော လူငယ်သုံးဦး ပစ်ခတ်ခံရ

diz_admin

July 11, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ပျူစောထီးအဖွဲ့ဝင်များစုနေထိုင်သော အိမ်ကို တိုက်ခိုက်ခံရပြီးနောက် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာသည့် လူငယ်သုံးဦး ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါနေအိမ်ကို PDF ပူးပေါင်တပ်ဖွဲ့ဝင်များ ဇူလိုင်လ ၉ ရက်ည ၁၁နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ည ၁နာရီခွဲအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ “အဲဒီနေ့က တကယ့်ငရဲကျနေသ‌လိုပဲ။ သေနတ်သံတွေ မနည်းဘူး။ တစ်ဖက်နဲ့ တစ်ဖက် ပစ်နေကြတာ။ ထကြည့်လို့လည်း မရဲ။ တစ်နေကုန် လမ်းလည်း မထွက်ရဲကြဘူး” ဟု ယင်းရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းတွင် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းသွားသည့် လူငယ် သုံးဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ […]

လောင်းလုံးတွင် ကလေးတစ်ဦးအသတ်ခံရမှုအပေါ်အခြေခံကာ စစ်ကောင်စီဟောပြောစည်းရုံး

diz_admin

July 11, 2022

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ကလေးတစ်ဦး အသတ်ခံရသည့်အပေါ် အခြေပြု၍ စစ်ကောင်စီက ပြည်သူများကို ဟောပြောစည်းရုံးနေကြောင်း လမ်းသွား၊ လမ်းလာခရီးသည်အချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ အဝင်အထွက်နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး မော်တော်ယာဉ်များ၊ လမ်းသွားလမ်းလာများကို တားကာ ဟောပြောမှုကို နားထောင်ပြီးမှ ခရီးဆက်သွားခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။ “အဓိကကတော့ PDF တွေက အပြစ်မဲ့ကလေးတွေကို လိုက်သတ်နေလို့ သူတို့အနေနဲ့ လုံခြုံရေး လုပ်ပေးနေရတယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အခုဟောပြောလိုက်တာကို မိသားစု၊ ဆွေမျိုးတွေကို တစ်ဆင့်ပြန်ပြောပြပေးပါဆိုပြီး မှာတယ်” ဟု ယနေ့ (ဇူလိုင်၁၁) နံနက်ပိုင်းတွင် ကိုယ်တိုင်နားထောင်ခဲ့ရသူတစ်ဦးက ပြောဆိုသည်။ ပြည်သူများ လုံခြုံရေးအတွက် စစ်ဆေးနေခြင်းသာဖြစ်သောကြောင့် စိုးရိမ်စိတ်မထားဘဲ ခရီးသွားကြရန်လည်း ထည့်သွင်းဟောပြောစည်းရုံးနေကြောင်း အခြားခရီးသည်တစ်ဦးက ဆိုသည်။ ဇူလိုင်လ ၉ […]

သရက်ချောင်း ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်

diz_admin

July 10, 2022

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်-PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားရွာဘုရားကုန်းဘက်မှ ကျောက်လှေကားရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ နံနက် ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ကြောင်း စောဖျားရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စော်ဖျားရွာဘုရားကုန်းနှင့် ကျောက်လှေကားရွာမှာ တဆက်တည်းရှိသည်။ “၅ နာရီထိုးတည်းက လက်နက်ကြီးပဲ သီးသန့်ပစ်တာ။ သေနတ်ငယ်က နည်းနည်းပဲ ပစ်သံကြားတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည့်အနက် […]

ဝေဒီရွာတွင် သေနတ်ကျည်ဆန်ထိ၍ မိန်းကလေးငယ်တစ်ဦးသေဆုံး

diz_admin

July 10, 2022

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ဇူလိုင် ၉ ရက် ယမန်နေ့ညက သေနတ်ကျည်ဆန် ထိမှန်၍ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ယင်းနေ့ည ၁၁ နာရီခန့်က ဝေဒီကျေးရွာသား အသက်လေးဆယ်ကျော် အရွယ်ရှိ ဦးကျော်ဟိန်းကို လက်နက်ကိုင်လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ယင်းအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော်ဇနီးဖြစ်သူ ဒေါ်ဖြူသန်းမှာ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပြီး တူမဖြစ်သူ မငုဝါနိုးမှာ တင်ပါး(ခါးအနီး)တွင် ကျည်ဆန်ထိမှန်ရာမှ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက ကျွန်တော်နိုးလာတော့ လေးငါးချက်လောက်ကြားရတယ် “ဟု ၎င်းကပြောသည်။ ဖြစ်စဉ်မှာ ရှုပ်ထွေးသည့် အခြေအနေတွင် ရှိနေပြီး ယင်းပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ-လောင်းလုံး)နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)တို့၏ […]

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း NLD ထုတ်ပြန်

diz_admin

July 9, 2022

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ (ဇူလိုင် ၉) ထုတ်ပြန်လိုက်သည်။ သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ကော်မရှင်အသစ်ဖွဲ့ခြင်းမှာ တရားမဝင်သဖြင့် ယင်းအဖွဲ့၏ လုပ်ဆောင်ချက် အားလုံးကို လက်မခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များ အားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှု မရှိပါကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတိုင်းပြည်အခြေအနေ လွန်စွာဆိုးဝါးနေစဉ် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရန်အတွက် နောက်ထပ် ရွေးကောက်ပွဲတစ်ခုကျင်းပရန် စစ်ကောင်စီက ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   NLD သည် ၂၀၂၀ […]