ပထမအကြိမ် သေနတ်ပစ်ခံရသူ ခြောက်လကျော်အကြာ ဒုတိယအကြိမ်ပစ်ခံရပြီး သေဆုံး
diz_admin
July 22, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသား အသက် ၅၀ ကျော်အရွယ် ဦးသန်းထိုက်ဆိုသူ အမျိုးသားတစ်ဦး ဇူလိုင်လ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးသန်းထိုက်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း သကျက်တောရွာနှင့် တစ်ရွာကျော်အကွာ တောကျဲရွာ ကြက်ဝိုင်းတွင် ဒိုင်ကိုင်နေစဉ် ပထမအကြိမ် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ဖူးသည်။ ယင်းကဲ့သို့ ဒဏ်ရာရပြီးနောက် ခြောက်လကျော်အကြာ ယခုဒုတိယအကြိမ် ထပ်မံပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “သူကရှောင်နေတာမျိုးမရှိဘူး။ နေတာကသူ့အိမ်မှာပဲနေနေတယ်။ အခုပစ်ခံရတာက ငါတို့ရွာက ရပ်ကွက်လေးသဘောမျိုး တစ်တူပြန်ဆိုတဲ့နေရာမှာပစ်ခံရတာ။ အဲမှာရှိတဲ့ သူတို့ဆွေမျိုးတွေဆီသွား သွားနေတတ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ သေဆုံးသူဦးသန်းထိုက်သည် အာဏာမသိမ်းခင်ကရပ်ရွာ လူမူရေးကိစ္စများတွင် ကူညီလေ့ရှိသူတစ်ဦးဖြစ်ပြီး […]