မောင်းမကန်ရွာသားငါးဦး အဖမ်းခံရ
diz_admin
July 29, 2022လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်းက အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့ နံနက် ၄ နာရီခန့်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားသုံးစီးဖြင့် မောင်းမကန် ဈေးလမ်းရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး ရွာသားငါးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုညီညီအောင်နှင့် အသက် ၄၀ ကျော်အရွယ်များဖြစ်သည့် ကျေးရွာဈေးအနီး နေထိုင်သည့် ဦးသိန်းစိုး၊ ဦးအောင်ကျော်လွင်၊ ဒေါ်လွင်နှင့် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ်ရှိ မညီမလေး ဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “မနက်စောစောက အိမ်တွေကို ဝင်စစ်နေတယ်။ ပြီးတော့ရွာထဲမှာလည်း ပတ်ပြီးသွားနေတယ်။ ကျွန်မတို့လည်း ရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက […]